ထိုင္းျပည္သူေတြကို ျပန္ေတာင္းပန္လုိက္တဲ့ ေတာ္ဝင္မင္းသမီး

0
281

ဝန္ႀကီးခ်ဳပ္ ေရြးေကာက္ပြဲ ဝင္ၿပိဳင္မယ့္ ကိစၥနဲ႔ ပတ္သက္လို႔ ထိုင္းျပည္သူေတြၾကား အခက္အခဲေတြ၊ ျပႆနာေတြ ျဖစ္ေစမႈအတြက္ ေတာင္းပန္တယ္လို႔ ထုိင္းဘုရင္ရဲ႕ အစ္မေတာ္က ေျပာဆုိလုိက္ပါတယ္။

အခုလို အျဖစ္အပ်က္မ်ိဳး ေနာက္ထပ္ မျဖစ္ေအာင္ လုပ္ေအာင္သြားမယ္လို႔ ထိုင္းဘုရင္ မဟာ ဝဇီရာေလာင္ကြန္းရဲ႕ အစ္မေတာ္ မင္းသမီး ဥေဘာရတနာ ရာဂ်ကညာ ဆီရိဝဓန ဝါနဝဒီ (၆၇ ႏွစ္) က ေျပာပါတယ္။ ထိုင္း ေတာ္ဝင္မင္းသမီးက ဝန္ႀကီးခ်ဳပ္ေနရာ ယွဥ္ၿပိဳင္ဖုိ႔ အမည္စာရင္း တင္သြင္းမႈအေပၚ ထုိင္းေရြးေကာက္ပြဲ ေကာ္မရွင္က အရည္အခ်င္း ပ်က္ယြင္းသူအျဖစ္ မေန႔က ေၾကညာခဲ့ၿပီးေနာက္ ေတာ္ဝင္မင္းသမီးက ျပန္ေတာင္းပန္ခဲ့တာ ျဖစ္ပါတယ္။

လာမယ့္ေရြးေကာက္ပြဲမွာ ဝန္ႀကီးခ်ဳပ္ရာထူး ယွဥ္ၿပိဳင္ဖုိ႔ အမည္စာရင္း တင္သြင္းခဲ့တဲ့ အစ္မေတာ္ရဲ႕ လုပ္ရပ္ဟာ မသင့္ေတာ္သလုိ ဖြဲ႔စည္းပံုအေျခခံ ဥပေဒနဲ႔ ကိုက္ညီမႈ မရွိဘူးလို႔ ဘုရင္ ဝဇီရာေလာင္ကြန္းက အျပစ္တင္ခဲ့ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းပြည်သူတွေကို ပြန်တောင်းပန်လိုက်တဲ့ တော်ဝင်မင်းသမီး

ဝန်ကြီးချုပ် ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းပြည်သူတွေကြား အခက်အခဲတွေ၊ ပြဿနာတွေ ဖြစ်စေမှုအတွက် တောင်းပန်တယ်လို့ ထိုင်းဘုရင်ရဲ့ အစ်မတော်က ပြောဆိုလိုက်ပါတယ်။

အခုလို အဖြစ်အပျက်မျိုး နောက်ထပ် မဖြစ်အောင် လုပ်အောင်သွားမယ်လို့ ထိုင်းဘုရင် မဟာ ဝဇီရာလောင်ကွန်းရဲ့ အစ်မတော် မင်းသမီး ဥဘောရတနာ ရာဂျကညာ ဆီရိဝဓန ဝါနဝဒီ (၆၇ နှစ်) က ပြောပါတယ်။ ထိုင်း တော်ဝင်မင်းသမီးက ဝန်ကြီးချုပ်နေရာ ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းမှုအပေါ် ထိုင်းရွေးကောက်ပွဲ ကော်မရှင်က အရည်အချင်း ပျက်ယွင်းသူအဖြစ် မနေ့က ကြေညာခဲ့ပြီးနောက် တော်ဝင်မင်းသမီးက ပြန်တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်ရာထူး ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်သွင်းခဲ့တဲ့ အစ်မတော်ရဲ့ လုပ်ရပ်ဟာ မသင့်တော်သလို ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဘုရင် ဝဇီရာလောင်ကွန်းက အပြစ်တင်ခဲ့ပါတယ်။

?bph6