ဖိလစ္ပိုင္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို  ေထာက္ခံတယ္လို႔ ဂ်ပန္၀န္ၾကီး ေျပာ

0
89

ဖိလစ္ပိုင္နိုင္ငံ ေတာင္ပိုင္းက မင္ဒါနာအို ကၽြန္းေပၚမွာ အႏွစ္ ၄၀ ေက်ာ္ၾကာ ျဖစ္ပြားေနတဲ့ လက္နက္ကိုင္ ပဋိပကၡေတြ အဆုံးသတ္ေစဖို႔ ရည္ရြယ္လုပ္ေဆာင္ေနတဲ့ ဖိလစ္ပိုင္အစိုးရရဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ေထာက္ခံေၾကာင္း ဂ်ပန္နိုင္ငံျခားေရးဝန္ႀကီး တာ႐ို ခိုႏို က ေျပာၾကားလိုက္ပါတယ္။

မစၥတာ ခိုးနို ဟာ ဖိလစ္ပိုင္သမၼတ ရိုဒရီဂို ဒူတာေတးနဲ႔ ဒါဗာအို ၿမိဳ႕မွာ ေတြဆံုခ်ိန္အတြင္း အခုလိုမ်ိဳးေျပာခဲ့တာပါ။ကၽြန္းေပၚမွာ ဆယ္စုႏွစ္ ေလးခုေက်ာ္ၾကာ အျပန္အလွန္ တိုက္ခိုက္ေနခဲ့ၾကတဲ့ ဖိလစ္ပိုင္အစိုးရနဲ႔ မြတ္စလင္စစ္ေသြးႂကြေတြအၾကား ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္တစ္ခုကို လြန္ခဲ့တဲ့ ငါးႏွစ္တုန္းက လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

အဲဒီေဒသမွာ ေနထိုင္တဲ့ မြတ္စလင္ေတြအတြက္ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးအစိုးရတစ္ရပ္ကို ေဖာ္ေဆာင္ဖို႔ ေတာင္းဆိုထားပါတယ္။ဖိလစ္ပိုင္အစိုးရရဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြင္း တိုးတက္ျဖစ္ထြန္းမႈကို ဂ်ပန္က ႀကိဳဆိုေၾကာင္း မစၥတာ ခိုးနို က ေျပာၾကားခဲ့ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖိလစ်ပိုင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို  ထောက်ခံတယ်လို့ ဂျပန်ဝန်ကြီး ပြော

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက မင်ဒါနာအို ကျွန်းပေါ်မှာ အနှစ် ၄၀ ကျော်ကြာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ အဆုံးသတ်စေဖို့ ရည်ရွယ်လုပ်ဆောင်နေတဲ့ ဖိလစ်ပိုင်အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို ခိုနို က ပြောကြားလိုက်ပါတယ်။

မစ္စတာ ခိုးနို ဟာ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးနဲ့ ဒါဗာအို မြို့မှာ တွေဆုံချိန်အတွင်း အခုလိုမျိုးပြောခဲ့တာပါ။ကျွန်းပေါ်မှာ ဆယ်စုနှစ် လေးခုကျော်ကြာ အပြန်အလှန် တိုက်ခိုက်နေခဲ့ကြတဲ့ ဖိလစ်ပိုင်အစိုးရနဲ့ မွတ်စလင်စစ်သွေးကြွတွေအကြား ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုကို လွန်ခဲ့တဲ့ ငါးနှစ်တုန်းက လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီဒေသမှာ နေထိုင်တဲ့ မွတ်စလင်တွေအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးအစိုးရတစ်ရပ်ကို ဖော်ဆောင်ဖို့ တောင်းဆိုထားပါတယ်။ဖိလစ်ပိုင်အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တိုးတက်ဖြစ်ထွန်းမှုကို ဂျပန်က ကြိုဆိုကြောင်း မစ္စတာ ခိုးနို က ပြောကြားခဲ့ပါတယ်။

?bph6