
0
75




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုကျိုမြို့မှာ အအေးဒဏ်ကြောင့်တစ် ညအတွင်း ယာဉ်မတော် တဆမှုပေါင်း  ၅၀ဝ ကျော်ဖြစ်

တိုကျိုမြို့မှာ အအေးဒဏ်ကြောင့် လမ်းတွေပေါ်မှာ ရေခဲတာတွေအပါအဝင် အန္တရာယ်ဖြစ်စေနိုင်တဲ့ အနေအထားတွေ ဖြစ်ပေါ်ခဲ့တာကြောင့် တစ်ညတာအတွင်း ယာဉ်မတော်တဆမှု ၅၀ဝ ကျော် ဖြစ်ပွားခဲ့ပါတယ်။

တနင်္ဂနွေနေ့ နံနက် ၇ နာရီအထိ ၂၄ နာရီ အချိန်အတွင်း မတော်တဆမှုနဲ့ ပတ်သက်တဲ့ ဖုန်းခေါ်ဆိုမှုပေါင်း ၅၀၅ ကြိမ် ကို ရဲဌာနက လက်ခံရရှိခဲ့ပြီး  ထိခိုက်ဒဏ်ရာရမှု ၁၂၉ ခုရှိခဲ့ပြီး အဆောက်အအုံနဲ့ အခြားမော်တော်ယာဉ်တွေ ပျက်စီးမှု ၃၇၆ ခု ရှိခဲ့ပါတယ်။

ယာဉ် မတော်တဆမှုတွေထဲက အများစုဟာ အပူချိန်အထူးကျဆင်းခဲ့တဲ့ နံနက် ၂ နာရီနဲ့ ၅ နာရီအတွင်းမှာ ဖြစ်ပွားခဲ့ပြီး  အချို့ဟာ ရေခဲမျက်နှာပြင်တွေ ဖြစ်ပေါ်နေတဲ့ မိုးပျံလမ်းတွေနဲ့ အဆင်းလမ်းတွေပေါ်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

?bph6