ဗင္နီဇြဲလားကေနထြက္ေျပးတဲ့  ဒုကၡသည္ ၅ သန္းေက်ာ္ ရွိလာႏုိင္

0
123

နိုင္ငံေရးအ႐ႈပ္အေထြးေတြေၾကာင့္ ဗင္နီဇြဲလားနိုင္ငံကေန ျပည္ပကိုထြက္ေျပးလာမယ့္ ဒုကၡသည္အေရအတြက္ဟာ ယခုႏွစ္ကုန္ခ်ိန္မွာ ၅သန္းေက်ာ္အထိရွိလာနိုင္တယ္လို႔ သံုးသပ္မႈေတြ ထြက္ေပၚေနပါတယ္။

ေတာင္အေမရိကတိုက္မွာရွိတဲ့ ဗင္နီဇြဲလားႏုိင္ငံက လူ၁၀ရာခိုင္ႏႈန္းေက်ာ္ တစ္နည္းအားျဖင့္ လူ၃သန္းေက်ာ္တို႔က စားနပ္ရိကၡာနဲ႔ ေဆးဝါးျပတ္လတ္မႈေတြေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ကုန္ကာလအထိ အိမ္နီးခ်င္းနိုင္ငံေတြဆီ ထြက္ေျပး ခိုလႈံခဲ့ၿပီးျဖစ္ပါတယ္။ သမၼတနီကိုလပ္စ္ မာဒူရို  ရဲ့ အာဏာရွင္ဆန္ဆန္အုပ္ခ်ဳပ္မႈကို တြန္းလွန္နိုင္ဖို႔အတြက္ အတိုက္အခံနဲ႔ အမ်ိဳးသားလႊတ္ေတာ္ ေခါင္းေဆာင္ ဂ်ဴအမ္ ဂြါအီဒို က သူ႔ကိုယ္သူ ယာယီ သမၼတအျဖစ္ ၿပီးခဲ့တဲ့လက ေၾကညာခဲ့ပါတယ္။

အေမရိကန္အစိုးရကေတာ့ စီးပြားေရးပိတ္ဆို႔အေရးယူမႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ၿပီး မာဒူရိုဆန္႔က်င္ေရး အတိုက္အခံအင္အားစုေတြကို အားေပးေနပါတယ္။ အေျခအေနဆိုးရြားလာေနမႈေၾကာင့္ ဒီႏွစ္အကုန္မွာ ဒုကၡသည္အေရအတြက္ဟာ ၅သန္းေက်ာ္အထိ ရွိလာနိုင္တယ္လို႔ ကုလသမဂၢစတဲ့ အဖြဲ႕အစည္းေတြက သတိေပးခ်က္ ထုတ္ထားပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗင်နီဇွဲလားကနေထွက်ပြေးတဲ့  ဒုက္ခသည် ၅ သန်းကျော် ရှိလာနိုင်

နိုင်ငံရေးအရှုပ်အထွေးတွေကြောင့် ဗင်နီဇွဲလားနိုင်ငံကနေ ပြည်ပကိုထွက်ပြေးလာမယ့် ဒုက္ခသည်အရေအတွက်ဟာ ယခုနှစ်ကုန်ချိန်မှာ ၅သန်းကျော်အထိရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

တောင်အမေရိကတိုက်မှာရှိတဲ့ ဗင်နီဇွဲလားနိုင်ငံက လူ၁၀ရာခိုင်နှုန်းကျော် တစ်နည်းအားဖြင့် လူ၃သန်းကျော်တို့က စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လတ်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ်ကုန်ကာလအထိ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေး ခိုလှုံခဲ့ပြီးဖြစ်ပါတယ်။ သမ္မတနီကိုလပ်စ် မာဒူရို  ရဲ့ အာဏာရှင်ဆန်ဆန်အုပ်ချုပ်မှုကို တွန်းလှန်နိုင်ဖို့အတွက် အတိုက်အခံနဲ့ အမျိုးသားလွှတ်တော် ခေါင်းဆောင် ဂျူအမ် ဂွါအီဒို က သူ့ကိုယ်သူ ယာယီ သမ္မတအဖြစ် ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။

အမေရိကန်အစိုးရကတော့ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ပြီး မာဒူရိုဆန့်ကျင်ရေး အတိုက်အခံအင်အားစုတွေကို အားပေးနေပါတယ်။ အခြေအနေဆိုးရွားလာနေမှုကြောင့် ဒီနှစ်အကုန်မှာ ဒုက္ခသည်အရေအတွက်ဟာ ၅သန်းကျော်အထိ ရှိလာနိုင်တယ်လို့ ကုလသမဂ္ဂစတဲ့ အဖွဲ့အစည်းတွေက သတိပေးချက် ထုတ်ထားပါတယ်။

?bph6