နယူးဇီလန္မွာ ေတာမီးအၾကီးအက်ယ္ေလာင္ေနလို႔ လူေထာင္ခ်ီကို ေဘးလြတ္ရာကို ေရႊ႕ေျပာင္း

0
242

နယူးဇီလန္ႏိုင္ငံမွာ ေတာမီးျပင္းထန္စြာေလာင္ကၽြမ္းမႈေတြေၾကာင့္  လူေထာင္ခ်ီကိုေဘးလြတ္ရာကို ေရႊ႕ေျပာင္း ေပးထားရတယ္လို႔ ဘီဘီစီသတင္းကေဖာ္ျပပါတယ္။

လြန္ခဲ့တဲ့ ၆ ရက္ေက်ာ္တည္းက နယ္လ္ဆင္ၿမိဳ႕အနီးမွာ ေလာင္ကၽြမ္းေနတဲ့  ေတာမီးဟာ နယူးဇီလန္ေတာင္ပိုင္း ၀ိတ္ဖီးလ္ၿမိဳ႕ကို လက္ရွိမွာ ၿခိမ္းေျခာက္လ်က္ရွိေနတယ္လုိ႔ နယူးဇီလန္အာဏာပိုင္ေတြက ေျပာပါတယ္။  ေတာမီးေၾကာင့္ အေရးေပၚအေျခေန ေၾကျငာထားရၿပီး လူေပါင္း ၃၀၀၀ေကာ်္ ကိုေဘးလြတ္ရာဆီ ေရႊ႕ေျပာင္းထားရပါတယ္။ ေလတိုက္မႈေတြရွိေနတာေၾကာင့္ မီးသတ္သမားေတြအေနနဲ႔ အခက္ခဲေတြရင္ဆုိင္ေနရၿပီး  ရဟတ္ယာဥ္ေတြအသံုးျပဳကာ ႀကိဳးပမ္းၿငႇိမ္းသတ္ေနရတယ္လို႔ နယူးဇီလန္အာဏာပိုင္ေတြကေျပာပါတယ္။

ဒီေတာမီးေလာင္ကၽြမ္းမႈက  ၁၉၉၅ ခုႏွစ္ေနာက္ပိုင္း နယူးဇီလန္မွာေလာင္ကၽြမ္းတဲ့ မီးေတြထဲမွာ အဆုိးရြားဆံုးေတာမီးျဖစ္ ပါတယ္။ မီးၿငိမ္းႏုိင္ဖုိ႔  ရဟတ္ယာဥ္ ၂၃ စင္း နဲ႔ ေလယာဥ္ ၂ စင္း ကိုလည္းအသံုးျပဳထားရတယ္လို႔ နယူးဇီလန္ မီးသတ္ဌာန တာ၀န္ရွိသူေတြကေျပာပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နယူးဇီလန်မှာ တောမီးအကြီးအကျယ်လောင်နေလို့ လူထောင်ချီကို ဘေးလွတ်ရာကို ရွှေ့ပြောင်း

နယူးဇီလန်နိုင်ငံမှာ တောမီးပြင်းထန်စွာလောင်ကျွမ်းမှုတွေကြောင့်  လူထောင်ချီကိုဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားရတယ်လို့ ဘီဘီစီသတင်းကဖော်ပြပါတယ်။

လွန်ခဲ့တဲ့ ၆ ရက်ကျော်တည်းက နယ်လ်ဆင်မြို့အနီးမှာ လောင်ကျွမ်းနေတဲ့  တောမီးဟာ နယူးဇီလန်တောင်ပိုင်း ဝိတ်ဖီးလ်မြို့ကို လက်ရှိမှာ ခြိမ်းခြောက်လျက်ရှိနေတယ်လို့ နယူးဇီလန်အာဏာပိုင်တွေက ပြောပါတယ်။  တောမီးကြောင့် အရေးပေါ်အခြေနေ ကြေငြာထားရပြီး လူပေါင်း ၃၀ဝ၀ကျော် ကိုဘေးလွတ်ရာဆီ ရွှေ့ပြောင်းထားရပါတယ်။ လေတိုက်မှုတွေရှိနေတာကြောင့် မီးသတ်သမားတွေအနေနဲ့ အခက်ခဲတွေရင်ဆိုင်နေရပြီး  ရဟတ်ယာဉ်တွေအသုံးပြုကာ ကြိုးပမ်းငြှိမ်းသတ်နေရတယ်လို့ နယူးဇီလန်အာဏာပိုင်တွေကပြောပါတယ်။

ဒီတောမီးလောင်ကျွမ်းမှုက  ၁၉၉၅ ခုနှစ်နောက်ပိုင်း နယူးဇီလန်မှာလောင်ကျွမ်းတဲ့ မီးတွေထဲမှာ အဆိုးရွားဆုံးတောမီးဖြစ် ပါတယ်။ မီးငြိမ်းနိုင်ဖို့  ရဟတ်ယာဉ် ၂၃ စင်း နဲ့ လေယာဉ် ၂ စင်း ကိုလည်းအသုံးပြုထားရတယ်လို့ နယူးဇီလန် မီးသတ်ဌာန တာဝန်ရှိသူတွေကပြောပါတယ်။

?bph6