
0
197




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အရည်သွေးမကောင်းတဲ့အရက်ကို သောက်သုံးမိတာကြောင့် အိန္ဒိယ မှာ လူ ၆၀ထက်မနည်း သေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်း ရွာအများပြားမှာ အရည်သွေးကောင်းမွန်မှုမရှိတဲ့ အရက်တွေသောက်သုံးမိခဲ့သူ အနည်းဆုံး ၆၀ ထက်မနည်းသေဆုံးခဲ့ပြီး အခြား ၂၇ ဦးကို ဆေးရုံ တင်ပို့ထားရတယ်လို့  အိန္ဒိယ အာဏာပိုင်တွေကပြောပါတယ်။

သေဆုံးသူအများစု က အိန္ဒိယ  ဥတ္တရာဟန့် ပြည်နယ် ဘောပေါ်ရွာမှ ဖြစ်တယ်လို့ အိန္ဒိယအကြီးတန်းရဲအရာရှိ  အက်ဟော့ကူးမားက ပြောပါတယ်။ အရက်တွေထဲမှာ အဆိပ်ဓါတ်ပါတဲ့ မက်သနော ပိုမိုများခဲ့တာကြောင့် လူတွေ အော့အန်ကာ သေဆုံးခဲ့တာဖြစ်နိုင်ကြောင်း  ရဲအရာရှိ ကူးမားကပြောပါတယ်။

ရဲတွေဟာ အရည်သွေးကောင်းမွန်မှုမရှိတဲ့ ချက်အရက် မှောင်ခိုရောင်းချသူ ၈ ဦးကို ဖမ်းဆီးထားပါတယ်။ ဒါ့အပြင်  အရည်သွေးကောင်းမွန်မှုမရှိတဲ့ ချက်အရက်ရောင်းချခွင်ပြုခဲ့သူ ရဲအရာရှိ ၁၂ ဦးအပါဝင် အိန္ဒိယ အစိုးရ တာဝန်ရှိသူ ၃၅ ဦးကို ရာထူးကနေ ဆိုင်းငံခဲ့တယ်လို့ ဥတ္တရာဟန့် ပြည်နယ်  အာဏာပိုင်တွေကပြောပါတယ်။

?bph6