
0
65




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂရမ်မီဆုပေးပွဲစဉ်သူတွေကို လူလိမ်တွေ  ဝေဖန်လိုက်တဲ့ ဂရမ်ဒီ

ဂရမ်မီဆုပေးပွဲ စီစဉ်သူတွေဟာ လူလိမ်တွေဖြစ်တယ်လို့  ပေါ့ပ် အဆိုတော် အေရီရာနာ ဂရမ်ဒီက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

ဂရမ်ဒီဟာ ဂရမ်မီ ဆုပေးပွဲ ဖျော်ဖြေမယ့်လူစာရင်းမှာ ပါဝင်မှုမရှိတော့ကြောင်း၊  ပွဲမှာဖျော်ဖြေဖို့ ရုန်းကန်နေရတဲ့အတွက် ဂရမ်ဒီ ကို ဖျော်ဖြေမယ့်စာရင်းကနေထုတ်လိုက်တယ်လို့ ဂရမ်မီ ဆုပေးပွဲ စီစဉ်သူတွေက ကြေငြာခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ဂရမ်ဒီက တုံပြန်ပြောဆိုခဲ့တာပါ။

ဂရမ်ဒီက သူမနဲ့ ပတ်သက်ပြီးပွဲစီစဉ်သူတွေ ပြောဆိုမှုက အလိမ်ညာတွေဖြစ်တယ်လို့  ပြောပါတယ်။ ပွဲစီစဉ်သူတွေနဲ့ ဂရမ်ဒီတို့ဟာ ပွဲမှာ သီဆိုဖျော်ဖြေမယ့် သီချင်းနဲ့ ပတ်သက်လို့အငြင်းပွားခဲ့ပြီးနောက်  ဂရမ်ဒီကို ဖျော်ဖြေမယ့်စာရင်းက နေ ထုတ်ပယ်လိုက်တာလို့ အမေရိကန်မီဒီယာတွေကဖော်ပြပါတယ်။

?bph6