
0
241




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒဏ်ရာပြသာနာကြောင့် တိုက်စစ်မှူး ကာဗာနီ   မန်ယူနဲ့ပွဲ လွဲဖွယ်ရှိနေ

ပီအက်ဂျီအသင်း  အဓိက တိုက်စစ်မှူး  ကာဗာနီ ဟာ ရရှိထားတဲ့ ဒဏ်ရာကြောင့် လာမယ့်သီတင်းပတ်အတွင်း မန်ယူအသင်း နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ဖို့ မရေမရာဖြစ်နေတယ်လို့ goal သတင်းဌာနကဖော်ပြပါတယ်။

ကာဗာနီဟာ ပြင်သစ် လီဂူးပွဲစဉ်အဖြစ် ဘိုးဒေါ့ နဲ့ ကစားတဲ့ပွဲမှာ ဒဏ်ရာရသွားခဲ့ပြီး ပွဲချိန် ၄၂ မိနစ်မှာ  လူစားလဲခံခဲ့ရပါတယ်။ ကာဗာနီ ဟာ ကြွက်သားဒဏ်ရာရခဲ့တာကြောင့် လူစားလဲခဲ့တာဖြစ်ပြီး ဒဏ်ရာအခြေနေကို အသေးစိတ်မသိသေးဘူးလို့  ပီအက်ဂျီနည်းပြ တူချယ်က ပြောပါတယ်။

လက်ရှိအချိန်မှာ ဒဏ်ရာကို  အသေးစိတ်စမ်းသပ်စစ်ဆေးပြီးမှသာ မန်ယူနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲကို ပါဝင်မှု ရှိမရှိဆိုတာကိုအတိကျ ပြောနိုင်မယ်လို့  နည်းပြ တူချယ်ကပြောပါတယ်။

?bph6