
0
205




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ်ထိန်းသိမ်းရေး စခန်း တွေ ပိတ်ဖို့ တူရကီ တောင်းဆို

အူလ်ဂါ လူမျိုး ဂီတ သမားတစ်ဦး ထိန်းသိမ်းရေးစခန်းမှာ  သေဆုံးသွားခဲ့ပြီးနောက် တရုတ်နိုင်ငံရှိ ထိန်းသိမ်းရေးစခန်းတွေကို ပိတ်သိမ်းဖို့  တူရကီ ကတောင်းဆိုထားပါတယ်။

ရှင်ကျန်းဒေသ ရှိ အူလ်ဂါ လူမျိုး ဂီတသမား ဟေးရက် ကို ထောင်ဒဏ် ၈ နှစ်ပြစ်ဒဏ် ချမှတ်ခံထားရသူဖြစ်ပြီး  အကျဉ်းထောင်ထိန်းသိမ်းရေးစခန်း ထဲမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ တရုတ်အစိုးရအနေနဲ့ ရှင်ကျန်းဒေသရှိ အူလ်ဂါလူမျိုး သန်းချီကိုဖမ်းဆီးထိန်းသိမ်းထားတယ်လို့  စွပ်စွဲခံထားရပါတယ်။

တရုတ်က စွပ်စွဲမှုတွေကို လက်မခံနိုင်ကြောင်း တုံပြန်ထားပါတယ်။  အူလ်ဂါလူမျိုးတွေ ဟာ တူရကီဘာသာစကားပြောဆိုသူတွေဖြစ်ပြီး တရုတ်ရှင်ကျန်းဒေသ အနောက်ပိုင်းမှာ အခြေချနေထိုင်နေပါတယ်။  တရုတ် ထောက်လှမ်းရေးတွေက အူလ်ဂါလူမျိုးတွေကို စုံစမ်းထောက်လှမ်းလျက်ရှိနေပါတယ်။

?bph6