နာဇီေခါင္းေဆာင္ ဟစ္တလာ ရဲ႕ ပန္းခ်ီကား ေလလံတင္ ေရာင္းခ်လို႔မရ

0
48

ဂ်ာမနီႏိုင္ငံ ႏုရင္ဘတ္ၿမိဳ႕မွာ နာဇီေခါင္းေဆာင္ ဟစ္တလာ ေရးဆြဲခဲ့တဲ့ ပန္းခ်ီကား ၅ ကားကို ေလလံတင္ခဲ့ေပမယ့္ ဝယ္ယူမယ့္သူ မ႐ွိခဲ့ပါဘူး။

ဝိုင္းလ္ဒလာ ေလလံတင္ေရာင္းခ်ေရးအဖြဲ႔ဟာ ေရေဆးနဲ႔ေရးဆြဲထားတဲ့ ပန္းခ်ီကားကို ေပါင္ ၄ ေသာင္းနဲ႔ စတင္ေစ်းေခၚခဲ့ေပမယ့္ ၀ယ္သူမရွိဘူးလုိ႔ ဆုိပါတယ္။ ေလလံပြဲဟာ ဟစ္တလာကို အၾကီးအက်ယ္ေထာက္ခံတဲ့ ႏုရင္ဘတ္ၿမိဳ႕မွာ က်င္းပခဲ့တာျဖစ္ၿပီး ေလလံပဲြမွာ ပန္းခ်ီကားအျပင္ ဟစ္တလာအသံုးျပဳခဲ့တဲ့ အသံုးေဆာင္တခ်ိဳ႕ကိုလည္း ေလလံတင္ခဲ့ပါတယ္။

ဟစ္တလာဟာ ဒုတိယကမၻာစစ္အတြင္းမွာ ဂ်ဴးလူမ်ိဳး ၆ သန္းကို သုတ္သင္ခဲ့သလို လူေထာင္ေပါင္းမ်ားစြာကို ေသဆံုးေစခဲ့သူျဖစ္တယ္လို႔စြပ္စြဲခံရသူျဖစ္ပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နာဇီခေါင်းဆောင် ဟစ်တလာ ရဲ့ ပန်းချီကား လေလံတင် ရောင်းချလို့မရ

ဂျာမနီနိုင်ငံ နုရင်ဘတ်မြို့မှာ နာဇီခေါင်းဆောင် ဟစ်တလာ ရေးဆွဲခဲ့တဲ့ ပန်းချီကား ၅ ကားကို လေလံတင်ခဲ့ပေမယ့် ဝယ်ယူမယ့်သူ မရှိခဲ့ပါဘူး။

ဝိုင်းလ်ဒလာ လေလံတင်ရောင်းချရေးအဖွဲ့ဟာ ရေဆေးနဲ့ရေးဆွဲထားတဲ့ ပန်းချီကားကို ပေါင် ၄ သောင်းနဲ့ စတင်ဈေးခေါ်ခဲ့ပေမယ့် ဝယ်သူမရှိဘူးလို့ ဆိုပါတယ်။ လေလံပွဲဟာ ဟစ်တလာကို အကြီးအကျယ်ထောက်ခံတဲ့ နုရင်ဘတ်မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး လေလံပွဲမှာ ပန်းချီကားအပြင် ဟစ်တလာအသုံးပြုခဲ့တဲ့ အသုံးဆောင်တချို့ကိုလည်း လေလံတင်ခဲ့ပါတယ်။

ဟစ်တလာဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျူးလူမျိုး ၆ သန်းကို သုတ်သင်ခဲ့သလို လူထောင်ပေါင်းများစွာကို သေဆုံးစေခဲ့သူဖြစ်တယ်လို့စွပ်စွဲခံရသူဖြစ်ပါတယ်။

?bph6