
0
82




<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နာပိုလီကွင်းလယ်လူ ဟမ်ဆစ်က တရုတ် ကလပ်ဆီ ပြောင်းရွှေ့မယ့် အစီအစဉ် ဆိုင်းငံ့

နာပိုလီကွင်းလယ်လူ ဟမ်ဆစ်ဟာ တရုတ်ကလပ်ဆီ ပြောင်းရွှေ့ဖို့ အစီအစဉ်ကို ဆိုင်းငံ့လိုက်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဟမ်ဆစ်ဟာ တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ကစားဖို့ စီစဉ်ခဲ့ပေမယ့် တရုတ်ကလပ်နဲ့ နာပိုလီအသင်းကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမရတာကြောင့် အပြောင်းအရွှေ့ အစီအစဉ်ကို ဆိုင်းငံ့ထားရတာ ဖြစ်တယ်လို့ နာပိုလီအသင်း နည်းပြ အန်ဆယ်လော့တီက ပြောပါတယ်။

ဟမ်ဆစ်ဟာ ၂၀ဝ၇ ခုနှစ်က ဘရက်စီယာ အသင်းကနေ နာပိုလီအသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၁၁ နှစ်ကြာ ခြေစွမ်းပြ ကစားခဲ့တဲ့ ကွင်းလယ်လူ ဖြစ်ပါတယ်။ ဒါ့အပြင် ဟမ်ဆစ်ဟာ နာပိုလီအတွက် ဂိုးပေါင်း ၁၂၁ ဂိုး သွင်းယူကာ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူတဲ့စံချိန်ကို တင်ထားသူ ဖြစ်ပါတယ်။

?bph6