ဂ်ပန္မွာ ဝက္တုတ္ေကြးေရာဂါ ပ်ံ႕ႏွံ႔ျဖစ္ပြားေန

0
192

ဂ်ပန္နိုင္ငံရဲ႕ ခ႐ိုင္ ၅ ခုမွာရွိတဲ့ ဝက္ေမြးျမဴေရးၿခံနဲ႔ တျခားေနရာ ၆ ခုမွာ ဝက္တုပ္ေကြးေရာဂါ ကူးစက္ျပန္႔ပြားေနတာေၾကာင့္ ဝက္ေတြကို သုတ္သင္ရွင္းလင္းေနပါတယ္။

အဲဒီေရာဂါဟာ ဝက္ေတြအၾကားမွာ ကူးစက္လြယ္ၿပီး ေသႏႈန္းျမင့္ပါတယ္။ အအိခ်ိခ႐ိုင္ထဲက ဝက္ေမြးျမဴေရးၿခံ ၂ ခုမွာ တုပ္ေကြးေရာဂါ ကူးစက္ခံထားရတဲ့ ဝက္ေတြကို စစ္ေဆးေတြ႔ရွိခဲ့တယ္လို႔ ဂ်ပန္ အာဏာပိုင္ေတြက ေျပာပါတယ္။ စစ္ေဆးမႈေတြအရ အဲဒီေမြးျမဴေရးၿခံေတြကေန တျခား ၄ ေနရာကို ေရာဂါရွိတဲ့ဝက္ေတြ ေရႊ႕ေျပာင္းေရာက္ရွိခဲ့တာကို ေတြ႕ခဲ့ရတယ္လို႔ စိုက္ပ်ိဳးေမြးျမဴေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

အဲဒီ ေနရာေတြကေတာ့ အိုဆာကာ၊ နာဂိုယာ၊ ရွီဂါနဲ႔ ဂီဖုခ႐ိုင္ေတြ ျဖစ္တယ္လုိ႔ ဂ်ပန္ သတင္းေတြက ေဖာ္ျပပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က အဲဒီလို ကူးစက္မႈေတြ မျဖစ္ခင္အထိ ဂ်ပန္ႏိုင္ငံမွာ ၂၇ ႏွစ္ၾကာ ဝက္တုပ္ေကြးေရာဂါ ျဖစ္ပြားမႈ မေတြ႔ခဲ့ရပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်မှာ ဝက်တုတ်ကွေးရောဂါ ပျံ့နှံ့ဖြစ်ပွားနေ

ဂျပန်နိုင်ငံရဲ့ ခရိုင် ၅ ခုမှာရှိတဲ့ ဝက်မွေးမြူရေးခြံနဲ့ တခြားနေရာ ၆ ခုမှာ ဝက်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားနေတာကြောင့် ဝက်တွေကို သုတ်သင်ရှင်းလင်းနေပါတယ်။

အဲဒီရောဂါဟာ ဝက်တွေအကြားမှာ ကူးစက်လွယ်ပြီး သေနှုန်းမြင့်ပါတယ်။ အအိချိခရိုင်ထဲက ဝက်မွေးမြူရေးခြံ ၂ ခုမှာ တုပ်ကွေးရောဂါ ကူးစက်ခံထားရတဲ့ ဝက်တွေကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဂျပန် အာဏာပိုင်တွေက ပြောပါတယ်။ စစ်ဆေးမှုတွေအရ အဲဒီမွေးမြူရေးခြံတွေကနေ တခြား ၄ နေရာကို ရောဂါရှိတဲ့ဝက်တွေ ရွှေ့ပြောင်းရောက်ရှိခဲ့တာကို တွေ့ခဲ့ရတယ်လို့ စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီ နေရာတွေကတော့ အိုဆာကာ၊ နာဂိုယာ၊ ရှီဂါနဲ့ ဂီဖုခရိုင်တွေ ဖြစ်တယ်လို့ ဂျပန် သတင်းတွေက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ်က အဲဒီလို ကူးစက်မှုတွေ မဖြစ်ခင်အထိ ဂျပန်နိုင်ငံမှာ ၂၇ နှစ်ကြာ ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မတွေ့ခဲ့ရပါဘူး။

?bph6