ဂ်ပန္မွာ ႏွင္းမုန္တုိင္းတုိက္ခတ္

0
89

ေလဖိအားနည္းေၾကာင့္ ဂ်ပန္ေျမာက္ပိုင္းမွာ မုန္တိုင္းဆန္တဲ့ မိုးေလဝသအေနအထား ရွိမယ္လို႔ ခန္႔မွန္းထားပါတယ္။ အဲဒီ ေလဖိအားနည္းရပ္ဝန္းဟာ ေဟာ့ကိုင္းဒိုးအနီးက ျဖတ္သြားေနၿပီး ဂ်ပန္ေျမာက္ပိုင္းက ဧရိယာတခ်ိဳ႕မွာ ႏွင္းသည္းထန္တာ၊ ေလျပင္းတိုက္တာေတြ ျဖစ္ေနရတယ္လို႔ ဂ်ပန္မိုးေလဝသေအဂ်င္စီက ဆိုပါတယ္။

ေဟာ့ကိုင္းဒိုးမွာ ျပင္းထန္တဲ့ ႏွင္းမုန္တိုင္း တိုက္ခတ္မယ္လို႔ အဲဒီေအဂ်င္စီက ခန႔္မွန္းထားပါတယ္။ ျမင္ကြင္း ပိတ္ၿပီး ကားေမာင္းဖို႔ ခက္ခဲမွာျဖစ္လို႔ လမ္းပန္းဆက္သြယ္ေရး ထိခိုက္မယ္လို႔ သတိေပးထားပါတယ္။ ေဟာ့ကိုင္းဒိုးမွာ သည္းသည္းထန္ထန္ ႏွင္းေတြက်နိုင္ၿပီး တခ်ိဳ႕ေနရာေတြမွာ ႏွင္းေတြ ထူထူထဲထဲ စုပုံနိုင္ပါတယ္။

ဂ်ပန္အာဏာပိုင္ေတြက လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္တာ၊ ေလျပင္းတိုက္တာ၊ လွိုင္းႀကီးတာ၊ ျပင္းထန္တဲ့ ႏွင္းမုန္တိုင္းတိုက္ခတ္တာနဲ႔ ႏွင္းေၾကာင့္ လမ္းေခ်ာ္တာေတြကို သတိထားၾကဖို႔ မိုးေလဝသ အရာရွိေတြက သတိေပးေနပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>

 

ဂျပန်မှာ နှင်းမုန်တိုင်းတိုက်ခတ်

လေဖိအားနည်းကြောင့် ဂျပန်မြောက်ပိုင်းမှာ မုန်တိုင်းဆန်တဲ့ မိုးလေဝသအနေအထား ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ ဟော့ကိုင်းဒိုးအနီးက ဖြတ်သွားနေပြီး ဂျပန်မြောက်ပိုင်းက ဧရိယာတချို့မှာ နှင်းသည်းထန်တာ၊ လေပြင်းတိုက်တာတွေ ဖြစ်နေရတယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ဆိုပါတယ်။

ဟော့ကိုင်းဒိုးမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်း တိုက်ခတ်မယ်လို့ အဲဒီအေဂျင်စီက ခန့်မှန်းထားပါတယ်။ မြင်ကွင်း ပိတ်ပြီး ကားမောင်းဖို့ ခက်ခဲမှာဖြစ်လို့ လမ်းပန်းဆက်သွယ်ရေး ထိခိုက်မယ်လို့ သတိပေးထားပါတယ်။ ဟော့ကိုင်းဒိုးမှာ သည်းသည်းထန်ထန် နှင်းတွေကျနိုင်ပြီး တချို့နေရာတွေမှာ နှင်းတွေ ထူထူထဲထဲ စုပုံနိုင်ပါတယ်။

ဂျပန်အာဏာပိုင်တွေက လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာ၊ လေပြင်းတိုက်တာ၊ လှိုင်းကြီးတာ၊ ပြင်းထန်တဲ့ နှင်းမုန်တိုင်းတိုက်ခတ်တာနဲ့ နှင်းကြောင့် လမ်းချော်တာတွေကို သတိထားကြဖို့ မိုးလေဝသ အရာရှိတွေက သတိပေးနေပါတယ်။

?bph6