သမၼတ ထရမ့္ လွ်ိဳ႕ဝွက္ခ်က္ သိတယ္ေျပာခဲ့တဲ့ ဘယ္လာ႐ုစ္ ေမာ္ဒယ္ကို ထိုင္းက ျပည္ႏွင္ဒဏ္ေပး

1
132

ေဒၚနယ္ ထရမ့္ သမၼတ ျဖစ္လာေအာင္ ႐ုရွား ပါဝင္ပတ္သက္တဲ့ အေထာက္အထားကို သိတယ္လို႔ မႏွစ္က ေျပာခဲ့တဲ့ ဘယ္လာ႐ုစ္ႏိုင္ငံသူ ေမာ္ဒယ္ကို ထိုင္းႏိုင္ငံက ဒီေန႔ ဇန္နဝါရီလ ၁၇ ရက္ေန႔မွာ ျပည္ႏွင္ဒဏ္ ေပးလိုက္ပါတယ္။

ေမာ္ဒယ္ အနက္စတာရွာ ဗာ႐ွဴကီဗစ္ခ်္နဲ႔ တျခား လူ ခုနစ္ဦးဟာ ပတၱယားၿမိဳ႕ရွိ ဟိုတယ္တစ္ခုမွာ sex training ေဆြးေႏြးပြဲ လုပ္ခဲ့လို႔ လြန္ခဲ့တဲ့ တစ္ႏွစ္အၾကာက အဖမ္းခံခဲ့ရပါတယ္။ သူတို႔ကို အျမန္ဆံုး ျပည္ႏွင္ဒဏ္ေပးမွာ ျဖစ္ၿပီး တခ်ိဳ႕က ႐ုရွားႏိုင္ငံ၊ တခ်ိဳ႕က ဘယ္လာ႐ုစ္ကို ျပည္ႏွင္ဒဏ္ေပးမွာပါ။

ဖမ္းဆီးခံထားရစဥ္ ဗာ႐ွဴကီဗစ္ခ်္က ၂၀၁၆ အေမရိကန္ ေရြးေကာက္ပြဲကို ၾကားဝင္ေႏွာက္ယွက္မယ့္ကိစၥ ႐ုရွား သူေဌးႀကီး အိုလက္ ေဒရီပတ္စကာ ေျပာထားတဲ့ အသံဖိုင္ သူ႔မွာ ရွိတယ္လို႔ ေျပာခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီ အသံဖိုင္ကို ခ်ျပျခင္းေတာ့ မရွိခဲ့ပါဘူး။

 

<>>>>>>>>>>>>>>>>>>>>>>>>>

 

သမ္မတ ထရမ့် လျှို့ဝှက်ချက် သိတယ်ပြောခဲ့တဲ့ ဘယ်လာရုစ် မော်ဒယ်ကို ထိုင်းက ပြည်နှင်ဒဏ်ပေး

ဒေါ်နယ် ထရမ့် သမ္မတ ဖြစ်လာအောင် ရုရှား ပါဝင်ပတ်သက်တဲ့ အထောက်အထားကို သိတယ်လို့ မနှစ်က ပြောခဲ့တဲ့ ဘယ်လာရုစ်နိုင်ငံသူ မော်ဒယ်ကို ထိုင်းနိုင်ငံက ဒီနေ့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ပြည်နှင်ဒဏ် ပေးလိုက်ပါတယ်။

မော်ဒယ် အနက်စတာရှာ ဗာရှူကီဗစ်ချ်နဲ့ တခြား လူ ခုနစ်ဦးဟာ ပတ္တယားမြို့ရှိ ဟိုတယ်တစ်ခုမှာ sex training ဆွေးနွေးပွဲ လုပ်ခဲ့လို့ လွန်ခဲ့တဲ့ တစ်နှစ်အကြာက အဖမ်းခံခဲ့ရပါတယ်။ သူတို့ကို အမြန်ဆုံး ပြည်နှင်ဒဏ်ပေးမှာ ဖြစ်ပြီး တချို့က ရုရှားနိုင်ငံ၊ တချို့က ဘယ်လာရုစ်ကို ပြည်နှင်ဒဏ်ပေးမှာပါ။

ဖမ်းဆီးခံထားရစဉ် ဗာရှူကီဗစ်ချ်က ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲကို ကြားဝင်နှောက်ယှက်မယ့်ကိစ္စ ရုရှား သူဌေးကြီး အိုလက် ဒေရီပတ်စကာ ပြောထားတဲ့ အသံဖိုင် သူ့မှာ ရှိတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ အသံဖိုင်ကို ချပြခြင်းတော့ မရှိခဲ့ပါဘူး။

?bph6