
0
299




 

<>>>>>>>>>>>>>>>>>>>>>>>>>>

 

အိမ်ဖြူတော်ကို စီးနင်းဖို့ကြံစည်တဲ့ အမေရိကန် မွတ်စလင်တစ်ဦးကို ဖမ်းဆီး

တင့်ဖျက်ဒုံးကျည်သုံးပြီး အိမ်ဖြူတော်ကို ဝင်ရောက်စီးနင်းဖို့ အသေးစိတ် အစီအစဉ်ရေးဆွဲထားတဲ့ အကြမ်းဖက်မယ့် အမေရိကန် မွတ်စလင်တစ်ဦးကို မနေ့ ဇန်နဝါရီ ၁၆ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။

ဂျော်ဂျီယာပြည်နယ်၊ ကမ်မင်းနေ ဟာရှာ ဂျယ်လယ် တာဟက်ဘ် (၂၁ နှစ်) ကို ကားနဲ့ လက်နက်၊ ဖောက်ခွဲရေး ပစ္စည်းတွေ လဲလှယ်မယ်ဆိုပြီး အယောင်ဆောင် ချိန်းဆိုကာ FBI စုံထောက်တွေက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

တာဟက်ဘ်ဟာ အစွန်းရောက် သမားဖြစ်လာပြီး သူ့နာမည်ကို ပြောင်းကာ IS အစ္စလာမ်အကြမ်းဖက် အဖွဲ့ထိန်းချုပ်တဲ့ နယ်မြေကို ခရီးထွက်ဖို့ ပြင်ဆင်မှုတွေ လုပ်နေတာကို FBI က မနှစ်က မတ်လမှာ စတင် သတိပြုမိခဲ့တာ ဖြစ်ပါတယ်။

?bph6