ကင္ညာ ဟိုတယ္ စီးနင္းတိုက္ခိုက္ခံရမႈ ေသဆံုးသူ ၂၁ ဦး ရွိလာ

0
348

ကင္ညာႏိုင္ငံၿမိဳ႕ေတာ္ ႏိုင္႐ိုဘီရွိ အဆင့္ျမင့္ ဟိုတယ္နဲ႔ စီးပြားေရး အေဆာက္အဦကို အၾကမ္းဖက္သမားေတြ တိုက္ခိုက္ခဲ့မႈမွာ ေသဆံုးသူ ၂၁ ဦးအထိ ရွိလာၿပီ ျဖစ္ပါတယ္။

တိုက္ခိုက္မႈ ျဖစ္ၿပီး တစ္ရက္အၾကာမွာ ေသဆံုးသူ ၂၁ ဦး၊ ဒဏ္ရာရရွိသူ ၂၈ ဦးနဲ႔ ေပ်ာက္ဆံုးေနသူ ၁၉ ဦး ရွိေနပါတယ္။ ဇန္နဝါရီလ ၁၅ ရက္ေန႔မွာ အယ္လ္ ရွာဘတ္ ဂ်ီဟတ္အၾကမ္းဖက္သမား ငါးဦးက ၾကယ္ငါးပြင့္အဆင့္ ဒူးစစ္ ဒီတူး ဟိုတယ္ကို တိုက္ခိုက္ခဲ့တာ ျဖစ္ပါတယ္။

ကင္ညာလံုၿခံဳေရး တပ္ဖြဲ႔ေတြက ၁၉ နာရီၾကာ ႀကိဳးပမ္းၿပီးေနာက္ အေျခအေနကို ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။ လူ ၇၀၀ ကိုလည္း အေရးေပၚ ေရႊ႕ေျပာင္းေပးခဲ့ရပါတယ္။ အၾကမ္းဖက္သမား အားလံုးကို သုတ္သင္လိုက္တယ္လို႔ ကင္ညာ သမၼတက သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>

 

ကင်ညာ ဟိုတယ် စီးနင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၂၁ ဦး ရှိလာ

ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီရှိ အဆင့်မြင့် ဟိုတယ်နဲ့ စီးပွားရေး အဆောက်အဦကို အကြမ်းဖက်သမားတွေ တိုက်ခိုက်ခဲ့မှုမှာ သေဆုံးသူ ၂၁ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

တိုက်ခိုက်မှု ဖြစ်ပြီး တစ်ရက်အကြာမှာ သေဆုံးသူ ၂၁ ဦး၊ ဒဏ်ရာရရှိသူ ၂၈ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၉ ဦး ရှိနေပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ အယ်လ် ရှာဘတ် ဂျီဟတ်အကြမ်းဖက်သမား ငါးဦးက ကြယ်ငါးပွင့်အဆင့် ဒူးစစ် ဒီတူး ဟိုတယ်ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကင်ညာလုံခြုံရေး တပ်ဖွဲ့တွေက ၁၉ နာရီကြာ ကြိုးပမ်းပြီးနောက် အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ လူ ၇၀ဝ ကိုလည်း အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အကြမ်းဖက်သမား အားလုံးကို သုတ်သင်လိုက်တယ်လို့ ကင်ညာ သမ္မတက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

?bph6