အင္ဒိုနီးရွားမွာ ေမြးထားတဲ့ မိေခ်ာင္းကိုက္လို႔ အမ်ိဳးသမီး ေသဆံုး

0
481

အင္ဒိုနီးရွားႏိုင္ငံ၊ ဆူလာေဝဆီကြ်န္းမွာ ေမြးျမဴထားတဲ့ မိေခ်ာင္းႀကီး တစ္ေကာင္က ကိုက္သတ္လို႔ ဓာတ္ခြဲခန္း အႀကီးအကဲ အမ်ိဳးသမီး ေသဆံုးသြားခဲ့ပါတယ္။

ဆူလာေဝစီ ေျမာက္ပိုင္း၊ မီနာဟာဆာရွိ ပုလဲေမြးျမဴေရး ဓာတ္ခြဲခန္း အႀကီးအကဲ ေဒစီ တူဝို (၄၄ ႏွစ္) ကို “မာရီ” လို႔ နာမည္ေပးထားတဲ့ ၁၄ ေပရွည္ မိေခ်ာင္းႀကီးက ၿပီးခဲ့တဲ့ တစ္ပတ္တုန္းက ကိုက္သတ္ခဲ့တာ ျဖစ္ပါတယ္။ မိေခ်ာင္းကန္ထဲကို ေဒစီ ျပဳတ္က်ခဲ့တာ ျဖစ္ၿပီး အျဖစ္အပ်က္ကို ရဲက စံုစမ္းစစ္ေဆးေနတယ္လို႔ ေဒစီ ေသဆံုးေနတာကို ေတြ႔ရွိသူ လုပ္ေဖာ္ကိုင္ဖက္ ဟန္းဒရစ္က ေျပာပါတယ္။

မိေခ်ာင္းဟာ ေဒစီရဲ႕ လက္တစ္ဖက္နဲ႔ ဗိုက္ကို ကိုက္ျဖတ္စားေသာက္ထားပါတယ္။ မိေခ်ာင္းဟာ တရားမဝင္ ေမြးျမဴထားတာ ျဖစ္လို႔ ကန္ထဲကေန လူေပါင္းမ်ားစြာနဲ႔ သံုးနာရီၾကာ ဆြဲထုတ္ခဲ့ရၿပီး မိေခ်ာင္းထိန္းသိမ္းေရး ဧရိယာကို လႊဲေျပာင္းေပးခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>

 

အင်ဒိုနီးရှားမှာ မွေးထားတဲ့ မိချောင်းကိုက်လို့ အမျိုးသမီး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေဆီကျွန်းမှာ မွေးမြူထားတဲ့ မိချောင်းကြီး တစ်ကောင်က ကိုက်သတ်လို့ ဓာတ်ခွဲခန်း အကြီးအကဲ အမျိုးသမီး သေဆုံးသွားခဲ့ပါတယ်။

ဆူလာဝေစီ မြောက်ပိုင်း၊ မီနာဟာဆာရှိ ပုလဲမွေးမြူရေး ဓာတ်ခွဲခန်း အကြီးအကဲ ဒေစီ တူဝို (၄၄ နှစ်) ကို “မာရီ” လို့ နာမည်ပေးထားတဲ့ ၁၄ ပေရှည် မိချောင်းကြီးက ပြီးခဲ့တဲ့ တစ်ပတ်တုန်းက ကိုက်သတ်ခဲ့တာ ဖြစ်ပါတယ်။ မိချောင်းကန်ထဲကို ဒေစီ ပြုတ်ကျခဲ့တာ ဖြစ်ပြီး အဖြစ်အပျက်ကို ရဲက စုံစမ်းစစ်ဆေးနေတယ်လို့ ဒေစီ သေဆုံးနေတာကို တွေ့ရှိသူ လုပ်ဖော်ကိုင်ဖက် ဟန်းဒရစ်က ပြောပါတယ်။

မိချောင်းဟာ ဒေစီရဲ့ လက်တစ်ဖက်နဲ့ ဗိုက်ကို ကိုက်ဖြတ်စားသောက်ထားပါတယ်။ မိချောင်းဟာ တရားမဝင် မွေးမြူထားတာ ဖြစ်လို့ ကန်ထဲကနေ လူပေါင်းများစွာနဲ့ သုံးနာရီကြာ ဆွဲထုတ်ခဲ့ရပြီး မိချောင်းထိန်းသိမ်းရေး ဧရိယာကို လွှဲပြောင်းပေးခဲ့ပါတယ်။

?bph6