ဆီးရီးယားကေန ထြက္ေျပးလာတဲ့ကေလး  ၁၅ ဦးေသဆံုး

0
266

ျပင္းထန္တဲ့ အေအးဒဏ္နဲ႔ က်န္းမာေရး ေစာင့္ေရွာက္မႈ မရွိတာေၾကာင့္ စစ္ဒဏ္ခံေနရတဲ့ ဆီးရီးယားကေန ထြက္ေျပးလာတဲ့ ကေလးငယ္ အနည္းဆံုး ၁၅ ဦး ေသဆံုးခဲ့တယ္လို႔ ကုလသမဂၢ ကေလးမ်ား ရန္ပံုေငြအဖြဲ႔ (UNICEF) က ေျပာပါတယ္။

UNICEF က ဆီးရီးယားနဲ႔ ေဂ်ာ္ဒန္နယ္စပ္က ႐ုကဘန္ေဒသမွာ အေျခအေနေတြ ဆိုးရြားေနၿပီး ကေလးေတြရဲ႕ အသက္အႏၱရာယ္ စိုးရိမ္ေနရတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ ကိုယ္ဝန္ေဆာင္ မိခင္ေတြနဲ႔ ေမြးကင္းစ ကေလးေတြအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈ မရွိတဲ့အတြက္ ေသဆံုးသြားတဲ့အထဲက အမ်ားစုဟာ ေလးလသား အရြယ္ေအာက္ေတြလို႔ UNICEF က ေျပာပါတယ္။

ဆီးရီးယားႏိုင္ငံအေရွ႕ပိုင္း ဟာဂ်င္းေဒသမွာ တိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ တိမ္းေရွာင္ေရးစခန္း ဒါမွမဟုတ္ အေျခခံ ေထာက္ပံ့ေရးပစၥည္းေတြ မရွိဘဲ ေဘးကင္းလံုၿခံဳေရးအတြက္ ခရီးၾကမ္းကို သြားခဲ့ရတာေၾကာင့္ ကေလး ၇ ဦး ေသဆံုးခဲ့ပါတယ္။ ေသဆံုးသြားတဲ့ ကေလးအမ်ားစုကေတာ့ တစ္ႏွစ္ေအာက္ အရြယ္ေတြပဲ ျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>

 

ဆီးရီးယားကနေ ထွက်ပြေးလာတဲ့ကလေး  ၁၅ ဦးသေဆုံး

ပြင်းထန်တဲ့ အအေးဒဏ်နဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရှိတာကြောင့် စစ်ဒဏ်ခံနေရတဲ့ ဆီးရီးယားကနေ ထွက်ပြေးလာတဲ့ ကလေးငယ် အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ပြောပါတယ်။

UNICEF က ဆီးရီးယားနဲ့ ဂျော်ဒန်နယ်စပ်က ရုကဘန်ဒေသမှာ အခြေအနေတွေ ဆိုးရွားနေပြီး ကလေးတွေရဲ့ အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ မွေးကင်းစ ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု မရှိတဲ့အတွက် သေဆုံးသွားတဲ့အထဲက အများစုဟာ လေးလသား အရွယ်အောက်တွေလို့ UNICEF က ပြောပါတယ်။

ဆီးရီးယားနိုင်ငံအရှေ့ပိုင်း ဟာဂျင်းဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် တိမ်းရှောင်ရေးစခန်း ဒါမှမဟုတ် အခြေခံ ထောက်ပံ့ရေးပစ္စည်းတွေ မရှိဘဲ ဘေးကင်းလုံခြုံရေးအတွက် ခရီးကြမ်းကို သွားခဲ့ရတာကြောင့် ကလေး ၇ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသွားတဲ့ ကလေးအများစုကတော့ တစ်နှစ်အောက် အရွယ်တွေပဲ ဖြစ်ပါတယ်။

?bph6