
0
183




 

<>>>>>>>>>>>>>>>>>>>>>>>>>

 

ထိုင်းက လေထုညစ်ညမ်းမှုကို တုံ့ပြန်ဖို့ တိမ်ဖြစ်ထွန်းရေးစီမံချက် လုပ်ဆောင်နေ

ထိုင်းနိုင်ငံမှာဖြစ်နေတဲ့ လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ငန်းဆောင်ရွက်ချက် တစ်စိတ်တစ်ပိုင်း အဖြစ် တိမ်ဖြစ်ထွန်းရေး စီမံချက်တစ်ခုကို ထိုင်းအစိုးရ လုပ်ဆောင်နေပါတယ်။

ခြောက်သွေ့တဲ့ ရာသီအတွင်း မိုးရွာသွန်းမှု မရှိတာကြောင့် ဘန်ကောက်နဲ့ ပတ်ဝန်းကျင် ဧရိယာတွေမှာ မော်တော်ကားတွေနဲ့ စက်ရုံတွေက မီးခိုးငွေ့တွေ ထုတ်လွှတ်မှုကြောင့် လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး လေ့လာထားတဲ့ နေရာအများအပြားမှာ လူကိုအန္တရာယ်ဖြစ်စေတဲ့ လေထု ညစ်ညမ်းမှုအဆင့်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ချမှတ်ထားတဲ့ သတ်မှတ်ချက်ထက် ကျော်လွန်နေပါတယ်။

ထိုင်းအစိုးရဟာ တိမ်တွေဖြစ်ထွန်းပြီး မိုးရွာသွန်းအောင် လေထုထဲကို ဆိုဒီယမ် ကလိုရိုက်တွေ ဖြန့်ဖို့အတွက် မနေ့က ဇန်နဝါရီလ ၁၆ ရက်နေ့မှာ လေယာဉ်နှစ်စင်းကို အသုံးပြုခဲ့ပါတယ်။

?bph6