လက္နက္တီထြင္မႈမွာ တ႐ုတ္က ကမာၻကို ဦးေဆာင္ေန

0
50

လက္နက္တီထြင္မႈနဲ႔ ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံဟာ တခ်ိဳ႕က႑ေတြမွာ ကမာၻကို ဦးေဆာင္ေနတယ္လို႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ အစီရင္ခံစာတစ္ေစာင္မွာ ေဖာ္ျပထားပါတယ္။


အေမရိကန္ ကာကြယ္ေရးဌာန ေထာက္လွမ္းေရး ေအဂ်င္စီရဲ႕ “တ႐ုတ္ရဲ႕ စစ္အင္အား” အမည္ရွိ အစီရင္ခံစာမွာ ေဖာ္ျပထားတာပါ။ တ႐ုတ္ဟာ သူ႔ႏိုင္ငံတြင္းမွာ အေျခစိုက္တဲ့ ဖက္စပ္ကုမၸဏီေတြရဲ႕ ႏိုင္ငံျခား မိတ္ဖက္ကုမၸဏီေတြက နည္းပညာေတြ ထုတ္ေပးလာေအာင္ အတင္းအက်ပ္ ေစခိုင္းတဲ့ ျပည္တြင္း ဥပေဒေတြကို အသုံးျပဳတာ အပါအဝင္ နည္းလမ္းေပါင္းစုံကို သုံးၿပီး နည္းပညာေတြကို ရယူခဲ့တယ္လို႔ အစီရင္ခံစာမွာ ေရးထားပါတယ္။

ကမာၻ႔ ေခတ္အမီဆုံး လက္နက္စနစ္တခ်ိဳ႕မွာ တ႐ုတ္ဟာ ထိပ္တန္း ေရာက္ေနေၾကာင္း၊ အေမရိကန္ရဲ႕ ဒုံးက်ည္ကာကြယ္ေရး ကြန္ရက္ကို ေက်ာ္လႊားနိုင္တဲ့ အသံထက္ျမန္တဲ့ လက္နက္ပစၥည္းေတြ၊ ေလယာဥ္တင္ သေဘၤာေတြကို တိုက္ခိုက္ဖို႔ ဒီဇိုင္းဆြဲထားတဲ့ ေရယာဥ္တိုက္ဖ်က္ေရး ဒုံးက်ည္စနစ္တစ္ခု တ႐ုတ္က တီထြင္ထုတ္လုပ္ဖို႔ ႀကိဳးပမ္းေနတယ္လို႔လည္း ေဖာ္ျပထားပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>

 

လက်နက်တီထွင်မှုမှာ တရုတ်က ကမ္ဘာကို ဦးဆောင်နေ

လက်နက်တီထွင်မှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဟာ တချို့ကဏ္ဍတွေမှာ ကမ္ဘာကို ဦးဆောင်နေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ကာကွယ်ရေးဌာန ထောက်လှမ်းရေး အေဂျင်စီရဲ့ “တရုတ်ရဲ့ စစ်အင်အား” အမည်ရှိ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ တရုတ်ဟာ သူ့နိုင်ငံတွင်းမှာ အခြေစိုက်တဲ့ ဖက်စပ်ကုမ္ပဏီတွေရဲ့ နိုင်ငံခြား မိတ်ဖက်ကုမ္ပဏီတွေက နည်းပညာတွေ ထုတ်ပေးလာအောင် အတင်းအကျပ် စေခိုင်းတဲ့ ပြည်တွင်း ဥပဒေတွေကို အသုံးပြုတာ အပါအဝင် နည်းလမ်းပေါင်းစုံကို သုံးပြီး နည်းပညာတွေကို ရယူခဲ့တယ်လို့ အစီရင်ခံစာမှာ ရေးထားပါတယ်။

ကမ္ဘာ့ ခေတ်အမီဆုံး လက်နက်စနစ်တချို့မှာ တရုတ်ဟာ ထိပ်တန်း ရောက်နေကြောင်း၊ အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေး ကွန်ရက်ကို ကျော်လွှားနိုင်တဲ့ အသံထက်မြန်တဲ့ လက်နက်ပစ္စည်းတွေ၊ လေယာဉ်တင် သင်္ဘောတွေကို တိုက်ခိုက်ဖို့ ဒီဇိုင်းဆွဲထားတဲ့ ရေယာဉ်တိုက်ဖျက်ရေး ဒုံးကျည်စနစ်တစ်ခု တရုတ်က တီထွင်ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဖော်ပြထားပါတယ်။

?bph6