ခ်ဲလ္ဆီးေခၚလုိတဲ့ တုိက္စစ္မွဴး ဟီဂူအင္ အသင္းကေန ထြက္ဖုိ႔ မေတာင္းဆုိေသး

0
288

ခ်ဲလ္ဆီးအသင္းကေန ေခၚယူဖုိ႔ ပစ္မွတ္ထားေနတဲ့ ဟီဂူအင္ဟာ အသင္းကေန ထြက္ခြာဖုိ႔ ေတာင္းဆုိတာ မရွိေသးေၾကာင္း ေအစီမီလန္နည္းျပ ဂတ္တူဆုိက ေျပာပါတယ္။

ဟီဂူအင္ဟာ မႏွစ္က ၾသဂုတ္လအတြင္း ဂ်ဴဗင္တပ္တပ္ကေန ေအစီမီလန္အသင္းကို  အငွားနဲ႔ ေျပာင္းလာခဲ့ၿပီး ရာသီကုန္ခ်ိန္မွာ ထပ္ငွားလိုပါက ငွားခြင့္ရွိေနတဲ့ ကစားသမားတစ္ဦးျဖစ္ေၾကာင္း ေအစီမီလန္နည္းျပက ေျပာပါတယ္။

ဟီဂူအင္ဟာ လက္ရွိရာသီမွာ ေအစီမီလန္အတြက္ စီးရီးေအပြဲ ၁၅ ပြဲ ပါဝင္ကစားခဲ့ၿပီး ၆ ဂိုး သြင္းယူထားပါတယ္။ ဟီဂူအင္ရဲ႕ ဆရာတစ္ဦးျဖစ္သူ ဆာရီဟာ လက္ရွိ သူတာဝန္ယူေနတဲ့ ခ်ဲလ္ဆီး အသင္းဆီ တပည့္ေဟာင္း ဟီဂူအင္ကို ေခၚယူဖုိ႔ ခ်ိတ္ဆက္ေနေၾကာင္း သတင္းေတြလည္း ထြက္ေပၚေနပါတယ္။

ေအစီမီလန္နည္းျပက ဟီဂူအင္ဟာ အသင္းနဲ႔အတူ ေလက်င့္ခန္း ေကာင္းေကာင္း လုပ္ေနေၾကာင္း၊ ထြက္ေပၚေနတဲ့ သတင္းေတြက အမွန္မဟုတ္ေၾကာင္း ေျပာပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>

 

ချဲလ်ဆီးခေါ်လိုတဲ့ တိုက်စစ်မှူး ဟီဂူအင် အသင်းကနေ ထွက်ဖို့ မတောင်းဆိုသေး

ချဲလ်ဆီးအသင်းကနေ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဟီဂူအင်ဟာ အသင်းကနေ ထွက်ခွာဖို့ တောင်းဆိုတာ မရှိသေးကြောင်း အေစီမီလန်နည်းပြ ဂတ်တူဆိုက ပြောပါတယ်။

ဟီဂူအင်ဟာ မနှစ်က သြဂုတ်လအတွင်း ဂျူဗင်တပ်တပ်ကနေ အေစီမီလန်အသင်းကို  အငှားနဲ့ ပြောင်းလာခဲ့ပြီး ရာသီကုန်ချိန်မှာ ထပ်ငှားလိုပါက ငှားခွင့်ရှိနေတဲ့ ကစားသမားတစ်ဦးဖြစ်ကြောင်း အေစီမီလန်နည်းပြက ပြောပါတယ်။

ဟီဂူအင်ဟာ လက်ရှိရာသီမှာ အေစီမီလန်အတွက် စီးရီးအေပွဲ ၁၅ ပွဲ ပါဝင်ကစားခဲ့ပြီး ၆ ဂိုး သွင်းယူထားပါတယ်။ ဟီဂူအင်ရဲ့ ဆရာတစ်ဦးဖြစ်သူ ဆာရီဟာ လက်ရှိ သူတာဝန်ယူနေတဲ့ ချဲလ်ဆီး အသင်းဆီ တပည့်ဟောင်း ဟီဂူအင်ကို ခေါ်ယူဖို့ ချိတ်ဆက်နေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

အေစီမီလန်နည်းပြက ဟီဂူအင်ဟာ အသင်းနဲ့အတူ လေကျင့်ခန်း ကောင်းကောင်း လုပ်နေကြောင်း၊ ထွက်ပေါ်နေတဲ့ သတင်းတွေက အမှန်မဟုတ်ကြောင်း ပြောပါတယ်။

?bph6