စင္ကာပူက စားေသာက္တန္းတစ္ခုမွာ မွန္တခ်ပ္ကြဲက်ခဲ့လို႕ လူ ၆ဦး ဒဏ္ရာရ

0
363

စင္ကာပူႏုိင္ငံ၊ Jurong East မွာ႐ွိတဲ့  International Business Park (IBP) က စားေသာက္တန္းတစ္ခုမွာ ဇန္နဝါရီလ ၁၀ ရက္ေန႔က  မွန္တစ္ခ်ပ္ အက္ကြဲၿပီး စားေသာက္တန္းထဲက လူေတြအေပၚ ျပဳတ္က်ခဲ့တဲ့ မေတာ္တဆမႈတစ္ခုျဖစ္ပြားခဲ့ပါတယ္။ အဲ့ဒီ မေတာ္တဆမႈေၾကာင့္ လူ ၆ ဦးဒဏ္ရာရ႐ွိခဲ့ပါတယ္။ ဒဏ္ရာရ႐ွိတဲ့ လူတစ္ဦးကို  Ng Teng Fong အေထြေထြေဆး႐ုံႀကီးကို ေခၚသြားခဲ့တာျဖစ္ၿပီး က်န္ ၅ ဦးကေတာ အေသးစားဒဏ္ရာပဲရ႐ွိခဲ့ပါတယ္။

စားေသာက္တန္းက မွန္တခ်ပ္ဟာ အနီးက စားပြဲခံု ၂ ခံုေပၚကိုျပဳတ္က်ခဲ့တာျဖစ္ပါတယ္။ ကြဲက်တဲ့မွန္နဲ႔ အနီးဆံုးမွာ႐ွိတဲ့သူကေတာ့ ႐ွရာျပတ္ရာ ဒဏ္ရာေတြမ်ားတဲ့အတြက္ ေဆး႐ုံကိုပို႔ေဆာင္ခဲ့ရတယ္လို႔  မ်က္ျမင္သက္ေသတစ္ဦးျဖစ္တဲ့ မစ္စတာ လ်ဴရီသယ္ (၂၇) ႏွစ္က ေျပာပါတယ္။

အခုမေတာ္တဆမႈကိုအတည္ျပဳစံုစမ္းမွာျဖစ္ေၾကာင္း၊ အေဆာက္အအံုရဲ႕ ႀကံခုိင္မႈကို စစ္ေဆးမွာျဖစ္ၿပီး IBP ကုိ လုပ္ငန္းသေဘာအရေရာ  အလည္အပတ္လာတဲ့ သူေတြရဲ႕ လံုၿခံဳေရးသာ အဓိကျဖစ္ေၾကာင္း Ascendas-Singbridge ရဲ႕အမႈေဆာင္ခ်ဳပ္ျဖစ္တဲ့ မစ္စတာ တန္ယြီခ်င္း ကေျပာပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

စင်ကာပူက စားသောက်တန်းတစ်ခုမှာ မှန်တချပ်ကွဲကျခဲ့လို့ လူ ၆ဦး ဒဏ်ရာရ

စင်ကာပူနိုင်ငံ၊ Jurong East မှာရှိတဲ့  International Business Park (IBP) က စားသောက်တန်းတစ်ခုမှာ ဇန်နဝါရီလ ၁၀ ရက်နေ့က  မှန်တစ်ချပ် အက်ကွဲပြီး စားသောက်တန်းထဲက လူတွေအပေါ် ပြုတ်ကျခဲ့တဲ့ မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီ မတော်တဆမှုကြောင့် လူ ၆ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိတဲ့ လူတစ်ဦးကို  Ng Teng Fong အထွေထွေဆေးရုံကြီးကို ခေါ်သွားခဲ့တာဖြစ်ပြီး ကျန် ၅ ဦးကတော အသေးစားဒဏ်ရာပဲရရှိခဲ့ပါတယ်။

စားသောက်တန်းက မှန်တချပ်ဟာ အနီးက စားပွဲခုံ ၂ ခုံပေါ်ကိုပြုတ်ကျခဲ့တာဖြစ်ပါတယ်။ ကွဲကျတဲ့မှန်နဲ့ အနီးဆုံးမှာရှိတဲ့သူကတော့ ရှရာပြတ်ရာ ဒဏ်ရာတွေများတဲ့အတွက် ဆေးရုံကိုပို့ဆောင်ခဲ့ရတယ်လို့  မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ မစ်စတာ လျူရီသယ် (၂၇) နှစ်က ပြောပါတယ်။

အခုမတော်တဆမှုကိုအတည်ပြုစုံစမ်းမှာဖြစ်ကြောင်း၊ အဆောက်အအုံရဲ့ ကြံခိုင်မှုကို စစ်ဆေးမှာဖြစ်ပြီး IBP ကို လုပ်ငန်းသဘောအရရော  အလည်အပတ်လာတဲ့ သူတွေရဲ့ လုံခြုံရေးသာ အဓိကဖြစ်ကြောင်း Ascendas-Singbridge ရဲ့အမှုဆောင်ချုပ်ဖြစ်တဲ့ မစ်စတာ တန်ယွီချင်း ကပြောပါတယ်။

?bph6