တ႐ုတ္ႏုိင္ငံသြားလည္ရင္ တားျမစ္ထားတဲ့ အပလီေကးရွင္းေတြ မသံုးဖို႔ UC သတိေပး

0
115

အေမရိကန္၊ ကယ္လီဖိုးနီးယား တကၠသိုလ္ (UC) က ေက်ာင္းသားေက်ာင္းသူေတြ တ႐ုတ္ႏိုင္ငံကို သြားလည္ရင္ တ႐ုတ္က တားျမစ္ထားတဲ့ အပလီေကးရွင္းေတြ၊ လူမႈကြန္ရက္ မီဒီယာေတြ မသံုးၾကဖို႔ သတိေပးထားပါတယ္။

တ႐ုတ္အစိုးရက တားျမစ္ထားတဲ့ WeChat နဲ႔ WhatsApp ေတြ အသံုးျပဳမႈဟာ သူတို႔ ဥပေဒကို ခ်ိဳးေဖာက္ရာေရာက္လို႔ အေရးယူခံရႏိုင္တဲ့အတြက္ UC က အခုလို သတိေပးတာ ျဖစ္ပါတယ္။ ဟြာေဝး အမႈေဆာင္ မန္ ဝန္ဇူကို အေမရိကန္ရဲ႕ ေတာင္းဆိုမႈနဲ႔ ကေနဒါက ဖမ္းဆီးေပးၿပီးေနာက္ လက္တံု႔ျပန္မွာစိုးလို႔ အခုလို စိုးရိမ္ပူပန္မႈေတြ ျဖစ္ေပၚေနတာပါ။

မန္ကို ကေနဒါႏိုင္ငံ ဗန္ကူးဗားမွာ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁ ရက္ေန႔က ဖမ္းဆီးခဲ့တာ ျဖစ္ၿပီး အခု အာမခံေပးထားပါတယ္။ အေမရိကန္က စီးပြားေရးပိတ္ဆို႔ထားတဲ့ အီရန္နဲ႔ စီးပြားေရးဆက္ဆံမႈလုပ္လို႔ အဖမ္းခံရတာ ျဖစ္ပါတယ္။ မန္ အဖမ္းခံရၿပီးေနာက္ တ႐ုတ္အစိုးရကလည္း ကေနဒါႏိုင္ငံသား ႏွစ္ဦးကို ဖမ္းဆီး စစ္ေဆးေနပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

တရုတ်နိုင်ငံသွားလည်ရင် တားမြစ်ထားတဲ့ အပလီကေးရှင်းတွေ မသုံးဖို့ UC သတိပေး

အမေရိကန်၊ ကယ်လီဖိုးနီးယား တက္ကသိုလ် (UC) က ကျောင်းသားကျောင်းသူတွေ တရုတ်နိုင်ငံကို သွားလည်ရင် တရုတ်က တားမြစ်ထားတဲ့ အပလီကေးရှင်းတွေ၊ လူမှုကွန်ရက် မီဒီယာတွေ မသုံးကြဖို့ သတိပေးထားပါတယ်။

တရုတ်အစိုးရက တားမြစ်ထားတဲ့ WeChat နဲ့ WhatsApp တွေ အသုံးပြုမှုဟာ သူတို့ ဥပဒေကို ချိုးဖောက်ရာရောက်လို့ အရေးယူခံရနိုင်တဲ့အတွက် UC က အခုလို သတိပေးတာ ဖြစ်ပါတယ်။ ဟွာဝေး အမှုဆောင် မန် ဝန်ဇူကို အမေရိကန်ရဲ့ တောင်းဆိုမှုနဲ့ ကနေဒါက ဖမ်းဆီးပေးပြီးနောက် လက်တုံ့ပြန်မှာစိုးလို့ အခုလို စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေတာပါ။

မန်ကို ကနေဒါနိုင်ငံ ဗန်ကူးဗားမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပြီး အခု အာမခံပေးထားပါတယ်။ အမေရိကန်က စီးပွားရေးပိတ်ဆို့ထားတဲ့ အီရန်နဲ့ စီးပွားရေးဆက်ဆံမှုလုပ်လို့ အဖမ်းခံရတာ ဖြစ်ပါတယ်။ မန် အဖမ်းခံရပြီးနောက် တရုတ်အစိုးရကလည်း ကနေဒါနိုင်ငံသား နှစ်ဦးကို ဖမ်းဆီး စစ်ဆေးနေပါတယ်။

?bph6