ဆီးရီးယားကေန အေမရိကန္စစ္တပ္ရဲ႕ လက္နက္ပစၥည္းတခ်ဳိ႕ ျပန္လည္႐ုပ္သိမ္း

0
414

ဆီးရီးယားကေန အေမရိကန္စစ္တပ္ရဲ႕ စစ္လက္နက္တခ်ဳိ႕ကို ႐ုပ္သိမ္းလိုက္ၿပီ ျဖစ္ေၾကာင္း အေမရိကန္ ကာကြယ္ေရး ဝန္ႀကီးဌာနက မေန႔ ဇန္နဝါရီလ ၁၀ ရက္ေန႔က အတည္ျပဳလုိက္ပါတယ္။

လံုၿခံဳေရးအရ အေသးစိတ္ကို ေျပာျပနုိင္မွာ မဟုတ္ေပမယ့္ ဆီးရီးယားကေန လက္နက္ေတြ ႐ုပ္သိမ္းတာကို အတည္ျပဳႏိုင္ပါတယ္လို႔ အေမရိကန္ကာကြယ္ေရး ဝန္ႀကီးဌာနရဲ႕ ေျပာေရးဆိုခြင့္႐ွိသူက ေျပာပါတယ္။ သမၼတ ထရမ့္ရဲ႕ မႏွစ္ ဒီဇင္ဘာ ၁၉ တုန္းက ဆီးရီးယားကေန အေမရိကန္စစ္သား ၂၀၀၀ ေက်ာ္ကို ျပန္လည္ ႐ုပ္သိမ္းမယ္လို႔ ႐ုတ္တရက္ ေၾကညာအတြက္ အေ႐ွ႕အလယ္ပိုင္းက မဟာမိတ္ႏိုင္ငံေတြက စိုးရိမ္ပူပန္ေနၾကပါတယ္။

စစ္လက္နက္ ပစၥည္း႐ုပ္သိမ္းမႈေတြဟာ သမၼတ ထရမ့္ ေၾကညာခဲ့တဲ့ အေ႐ွ႕အလယ္ပိုင္းကေန အေမရိကန္ စစ္တပ္ေတြ စတင္႐ုပ္သိမ္းမွာရဲ႕ ပထမဆံုး လကၡဏာရပ္ ျဖစ္ႏိုင္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>

 

ဆီးရီးယားကနေ အမေရိကန်စစ်တပ်ရဲ့ လက်နက်ပစ္စည်းတချို့ ပြန်လည်ရုပ်သိမ်း

ဆီးရီးယားကနေ အမေရိကန်စစ်တပ်ရဲ့ စစ်လက်နက်တချို့ကို ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက မနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့က အတည်ပြုလိုက်ပါတယ်။

လုံခြုံရေးအရ အသေးစိတ်ကို ပြောပြနိုင်မှာ မဟုတ်ပေမယ့် ဆီးရီးယားကနေ လက်နက်တွေ ရုပ်သိမ်းတာကို အတည်ပြုနိုင်ပါတယ်လို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ သမ္မတ ထရမ့်ရဲ့ မနှစ် ဒီဇင်ဘာ ၁၉ တုန်းက ဆီးရီးယားကနေ အမေရိကန်စစ်သား ၂၀ဝ၀ ကျော်ကို ပြန်လည် ရုပ်သိမ်းမယ်လို့ ရုတ်တရက် ကြေညာအတွက် အရှေ့အလယ်ပိုင်းက မဟာမိတ်နိုင်ငံတွေက စိုးရိမ်ပူပန်နေကြပါတယ်။

စစ်လက်နက် ပစ္စည်းရုပ်သိမ်းမှုတွေဟာ သမ္မတ ထရမ့် ကြေညာခဲ့တဲ့ အရှေ့အလယ်ပိုင်းကနေ အမေရိကန် စစ်တပ်တွေ စတင်ရုပ်သိမ်းမှာရဲ့ ပထမဆုံး လက္ခဏာရပ် ဖြစ်နိုင်ပါတယ်။

?bph6