
0
386




 

<>>>>>>>>>>>>>>>>>>>>>>>>>>>

 

မင်းသား ဂျန်ယိုအမ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွပ်ချက်ကြောင့် စုံစမ်းခံနေရ

တောင်ကိုရီးယား မင်းသား ဂျန်ယိုအမ်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်တွေကြောင့် စုံစမ်းစစ်ဆေး ခံနေရကြောင်း တောင်ကိုရီးယား မီဒီယာတွေက ဖော်ပြပါတယ်။

မင်းသား ဂျန်ယိုအမ်ဟာ ဇန်နဝါရီ ၁၀ ရက်နေ့က သူငယ်ချင်းတွေနဲ့အတူ အရက်သောက်ခဲ့ပြီးနောက် အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခံနေရပါတယ်။ မင်းသား ဂျန်ယိုအမ်ဟာ အခုလို ပြဿနာတွေ ဖြစ်ပေါ်တာကြောင့် စီစဉ်ထားတဲ့ ရုပ်သံဇာတ်လမ်းတွဲ အစီအစဉ်ကနေ နုတ်ထွက်ရဖွယ်ရှိပါတယ်။

ဂျန်ယိုအမ်ရဲ့ အေဂျင်စီက မင်းသား ဂျန်ယိုအမ်ဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ စုံစမ်းစစ်ဆေး ခံနေရတာ မှန်ကန်ကြောင်း၊ စုံစမ်းမှုတွေနဲ့ ပတ်သက်လို့ ရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

?bph6