မန္ယူ အသင္းက အဓိက ကစားသမားသံုးဦးကို စာခ်ဳပ္တုိးဖုိ႔ စီစဥ္

0
120

မန္ယူအသင္းဟာ ဟာရဲရာ၊ မာတာနဲ႔ အက္ရွ္ေလယန္းတုိ႔ကို စာခ်ဳပ္သက္တမ္းတုိးျမင့္သြားဖုိ႔ စီစဥ္ေနပါတယ္။

အဲဒီ ကစားသမား သံုးဦးဟာ ရာသီကုန္ခ်ိန္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆံုးမွာျဖစ္ၿပီး အသင္းမွ ထြက္ခြာဖြယ္ရွိေၾကာင္း သတင္းေတြ ထြက္ေပၚေနခ်ိန္မွာပဲ မန္ယူဘက္က စာခ်ဳပ္သက္တမ္းတုိးဖုိ႔ စီစဥ္လာတာ ျဖစ္ပါတယ္။

မန္ယူအသင္းဟာ အဲဒီ ကစားသမား သံုးဦးကို စာခ်ဳပ္သက္တမ္း တိုးေရးေဆြးေႏြးမႈ ဆက္လုပ္ၿပီး အၿပီးသတ္ သေဘာတူညီမႈရမယ္လုိ႔ ယံုၾကည္ေနပါတယ္။ ကစားသမားသံုးဦးအနက္ ကြင္းလယ္လူ ဟာရဲရာက မန္ယူအသင္းမွာ ဆက္ရွိေနလုိတာေၾကာင့္ အျခားအသင္းမွ ကမ္းလွမ္းမႈတြကို ပယ္ခ်ခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

မန်ယူ အသင်းက အဓိက ကစားသမားသုံးဦးကို စာချုပ်တိုးဖို့ စီစဉ်

မန်ယူအသင်းဟာ ဟာရဲရာ၊ မာတာနဲ့ အက်ရှ်လေယန်းတို့ကို စာချုပ်သက်တမ်းတိုးမြင့်သွားဖို့ စီစဉ်နေပါတယ်။

အဲဒီ ကစားသမား သုံးဦးဟာ ရာသီကုန်ချိန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းမှ ထွက်ခွာဖွယ်ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ မန်ယူဘက်က စာချုပ်သက်တမ်းတိုးဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

မန်ယူအသင်းဟာ အဲဒီ ကစားသမား သုံးဦးကို စာချုပ်သက်တမ်း တိုးရေးဆွေးနွေးမှု ဆက်လုပ်ပြီး အပြီးသတ် သဘောတူညီမှုရမယ်လို့ ယုံကြည်နေပါတယ်။ ကစားသမားသုံးဦးအနက် ကွင်းလယ်လူ ဟာရဲရာက မန်ယူအသင်းမှာ ဆက်ရှိနေလိုတာကြောင့် အခြားအသင်းမှ ကမ်းလှမ်းမှုတွကို ပယ်ချခဲ့ပါတယ်။

?bph6