
0
45




 

<>>>>>>>>>>>>>>>>>>>>>>>>>

 

အီရန်က ဂြိုဟ်တု ဒုံးကျည် လွှတ်တင်ဖို့ စီစဉ်နေ

အီရန်နိုင်ငံဟာ အာကာသ ပတ်လမ်းထဲကို ဂြိုဟ်တု နှစ်စင်း ထပ်မံ ပစ်လွှတ်သွားမယ်လို့ အီရန် သမ္မတက ပြောပါတယ်။

အမေရိကန်နိုင်ငံက အီရန်ရဲ့ ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှု တိုးတက်နေမှုအပေါ် စိုးရိမ်နေချိန်မှာ အီရန်သမ္မတ ဟတ်ဆန် ရုဟာနီက အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ အီရန်သမ္မတက အီရန်နိုင်ငံဟာ ပြည်တွင်းမှာပဲ ထုတ်လုပ်တဲ့ ဒုံးကျည်တွေကို အသုံးပြုပြီး အာကာသထဲကို ဂြိုဟ်တုဒုံးကျည် ပစ်တင်သွားမယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ မဟာမိတ်တွေဟာ အီရန်ရဲ့ ပြည်တွင်းလုပ် တာဝေးပစ် ဒုံးကျည်နည်းစနစ်တွေ ပိုမို တိုးတက်လာမှာကို စိုးရိမ်နေပါတယ်။ အီရန်က အာကာသထဲကို ဂြိုဟ်တု ဒုံးကျည် ပစ်လွတ်တာဟာ အီရန်အပေါ် ကုလသမဂ္ဂက ပိတ်ဆို့ထားတာတွေကို ချိုးဖောက်တာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောခဲ့ဖူးပါတယ်။

?bph6