ေျမာက္ကိုရီယားရဲ႕ ယူေရနီယံ သန္႔စင္စက္႐ံု လည္ပတ္ေနဟု ဆို

0
69

ေျမာက္ကိုရီးယားႏုိင္ငံရဲ႕ ေညာင္ျဗြန္း ႏ်ဴကလီးယားစခန္းမွာရွိတဲ့ ယူေရနီယံ သန္႔စင္စက္႐ုံဟာ လည္ပတ္ေနပံုရတယ္လို႔ အေမရိကန္ သုေတသနအဖြဲ႔တစ္ဖြဲ႔က ေျပာၾကားလိုက္ပါတယ္။

ေျမာက္ကိုရီးယားဆိုင္ရာ အေမရိကန္ သုေတသနအဖြဲ႔ The 38 North က ဒီဇင္ဘာလ ၁၉ ရက္ေန႔က ႐ိုက္ကူးထားတဲ့ ဓာတ္ပုံတစ္ပုံမွာ သန္႔စင္စက္ေတြ ထားရွိတဲ့ ေနရာလို႔ ယူဆရတဲ့ အေဆာက္အအုံ တစ္ခုရဲ႕ ေခါင္မိုးေပၚမွာ ႏွင္းဖုံးလႊမ္းမႈ မရွိတာကို ေတြ႔ရွိရပါတယ္။ ဒါဟာ အဲဒီ အေဆာက္အအုံကေန အပူေတြ ထုတ္လႊတ္ေနတယ္ဆိုတာကို ျပသေနတာေၾကာင့္ ယူေရနီယံ သန႔္စင္စက္႐ုံဟာ လည္ပတ္ေနတယ္လို႔ ယူဆရေၾကာင္း အဲဒီအဖြဲ႔က ေျပာပါတယ္။

အရင္ကျပဳလုပ္ခဲ့တဲ့ ေလ့လာဆန္းစစ္မႈေတြမွာေတာ့ အဲဒီစခန္းမွာရွိတဲ့ ဓာတ္ေပါင္းဖို အေအးေပးတဲ့စနစ္ ျပင္ဆင္ေနတာကို ျပသေနခဲ့ပါတယ္။ အေမရိကန္က အျပန္အလွန္ ေဆာင္ရြက္မႈေတြ လုပ္ေဆာင္ခဲ့မယ္ဆိုရင္ ေညာင္ျဗြန္ ႏ်ဴကလီးယားစခန္းကို ပိတ္ပစ္ဖို႔ အဆင္သင့္ပဲလို႔ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလတုန္းက ျပဳလုပ္ခဲ့တဲ့ ကိုရီးယားႏွစ္နိုင္ငံ ထိပ္သီးေဆြးေႏြးပြဲမွာ ေျမာက္ကိုရီးယားက ေျပာၾကားခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

မြောက်ကိုရီယားရဲ့ ယူရေနီယံ သန့်စင်စက်ရုံ လည်ပတ်နေဟု ဆို

မြောက်ကိုရီးယားနိုင်ငံရဲ့ ညောင်ဗြွန်း နျူကလီးယားစခန်းမှာရှိတဲ့ ယူရေနီယံ သန့်စင်စက်ရုံဟာ လည်ပတ်နေပုံရတယ်လို့ အမေရိကန် သုတေသနအဖွဲ့တစ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် သုတေသနအဖွဲ့ The 38 North က ဒီဇင်ဘာလ ၁၉ ရက်နေ့က ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံမှာ သန့်စင်စက်တွေ ထားရှိတဲ့ နေရာလို့ ယူဆရတဲ့ အဆောက်အအုံ တစ်ခုရဲ့ ခေါင်မိုးပေါ်မှာ နှင်းဖုံးလွှမ်းမှု မရှိတာကို တွေ့ရှိရပါတယ်။ ဒါဟာ အဲဒီ အဆောက်အအုံကနေ အပူတွေ ထုတ်လွှတ်နေတယ်ဆိုတာကို ပြသနေတာကြောင့် ယူရေနီယံ သန့်စင်စက်ရုံဟာ လည်ပတ်နေတယ်လို့ ယူဆရကြောင်း အဲဒီအဖွဲ့က ပြောပါတယ်။

အရင်ကပြုလုပ်ခဲ့တဲ့ လေ့လာဆန်းစစ်မှုတွေမှာတော့ အဲဒီစခန်းမှာရှိတဲ့ ဓာတ်ပေါင်းဖို အအေးပေးတဲ့စနစ် ပြင်ဆင်နေတာကို ပြသနေခဲ့ပါတယ်။ အမေရိကန်က အပြန်အလှန် ဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် ညောင်ဗြွန် နျူကလီးယားစခန်းကို ပိတ်ပစ်ဖို့ အဆင်သင့်ပဲလို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ပြုလုပ်ခဲ့တဲ့ ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲမှာ မြောက်ကိုရီးယားက ပြောကြားခဲ့ပါတယ်။

?bph6