ေျမာက္ကိုရီးယား ေခါင္းေဆာင္နဲ႔ အေမရိကန္ သမၼတ မၾကာမီ ေတြ႔မယ္

0
75

ႏ်ဴကလီးယားလက္နက္ ဖ်က္သိမ္းေရးအတြက္ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ံဳအြန္နဲ႔ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္ၾကား ဒုတိယအႀကိမ္ ထိပ္သီးေတြ႔ဆံုမႈ မၾကာမီ ျဖစ္လာေတာ့မယ္လို႔ ေတာင္ကိုရီးယား သမၼတက ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။

ဒုတိယအႀကိမ္ ထိပ္သီးေတြ႔ဆံုေဆြးေႏြးပြဲမွာ ေျမာက္ကိုရီးယားနဲ႔ အေမရိကန္ၾကား သေဘာတူညီထားတဲ့ ကိစၥေတြ ဆက္လက္ ေဆာင္ရြက္ႏုိင္ဖုိ႔ အဓိကထား ေဆြးေႏြးမွာျဖစ္ေၾကာင္း ေတာင္ကိုရီးယား သမၼတ မြန္းေဂ်အင္း ေျပာပါတယ္။

ေျမာက္ကိုရီးယားနဲ႔ အေမရိကန္ အဆင့္ျမင့္အရာရွိႀကီးေတြဟာ ဒုတိယအႀကိမ္ ထိပ္သီးေဆြးေႏြးပြဲ ျပင္ဆင္ႏုိင္ဖုိ႔ ေဆြးေႏြးမႈေတြ ဆက္လက္ လုပ္ေဆာင္ေနၿပီး ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအြန္နဲ႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ၾကား ထိပ္သီးေတြ႔ဆံုမႈ ထပ္မံျဖစ္လာႏိုင္ပါတယ္။

ကင္ဂ်ဳံအြန္ တ႐ုတ္ႏုိင္ငံကို သြားေရာက္ လည္ပတ္မႈက ဒုတိယအႀကိမ္ ထိပ္သီးေတြ႔ဆံု ေဆြးေႏြးပြဲ မၾကာမီ ျဖစ္လာမယ့္ အလားအလာေတြ ျဖစ္ေၾကာင္း ေတာင္ကိုရီးယား သမၼတက ေျပာပါတယ္။ တ႐ုတ္ႏုိင္ငံကလည္း ေျမာက္ကိုရီးယားနဲ႔ အေမရိကန္ၾကား ထိပ္သီးေတြ႔ဆံုပြဲျဖစ္ေအာင္ အဓိကအခန္းက႑မွ ပါဝင္မယ္လုိ႔ ေျပာခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ အမေရိကန် သမ္မတ မကြာမီ တွေ့မယ်

နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကြား ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမှု မကြာမီ ဖြစ်လာတော့မယ်လို့ တောင်ကိုရီးယား သမ္မတက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံဆွေးနွေးပွဲမှာ မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား သဘောတူညီထားတဲ့ ကိစ္စတွေ ဆက်လက် ဆောင်ရွက်နိုင်ဖို့ အဓိကထား ဆွေးနွေးမှာဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ အမေရိကန် အဆင့်မြင့်အရာရှိကြီးတွေဟာ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပြင်ဆင်နိုင်ဖို့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကြား ထိပ်သီးတွေ့ဆုံမှု ထပ်မံဖြစ်လာနိုင်ပါတယ်။

ကင်ဂျုံအွန် တရုတ်နိုင်ငံကို သွားရောက် လည်ပတ်မှုက ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံ ဆွေးနွေးပွဲ မကြာမီ ဖြစ်လာမယ့် အလားအလာတွေ ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတက ပြောပါတယ်။ တရုတ်နိုင်ငံကလည်း မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ထိပ်သီးတွေ့ဆုံပွဲဖြစ်အောင် အဓိကအခန်းကဏ္ဍမှ ပါဝင်မယ်လို့ ပြောခဲ့ပါတယ်။