အေမရိကန္နဲ႔ ကုန္သြယ္ေရး ေဆြးေႏြးမႈ တုိးတက္တယ္လို႔ တ႐ုတ္ေျပာ

0
46

တ႐ုတ္နဲ႔ အေမရိကန္ၾကား ကုန္သြယ္ေရး ေဆြးေႏြးပြဲမွာ တုိးတက္မႈေတြ ရွိခဲ့ေၾကာင္း တ႐ုတ္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးက ေျပာခဲ့ပါတယ္။

ေတြ႔ဆံုေဆြးေႏြးမႈက တစ္ႏိုင္ငံအေပၚ တစ္ႏုိင္ငံက စိုးရိမ္ေနတဲ့ အခ်က္ေတြကို ေျဖေလွ်ာ့ႏိုင္ဖုိ႔ ကူညီရာ ေရာက္ခဲ့ေၾကာင္း တ႐ုတ္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးက ေျပာခဲ့ေပမယ့္ အေသးစိတ္ အေျခအေနေတြကို ထုတ္ေဖာ္ေျပာဆိုျခင္း မရွိပါဘူး။

တ႐ုတ္နဲ႔ အေမရိကန္ အရာရွိႀကီးေတြဟာ တ႐ုတ္ႏုိင္ငံမွာ သံုးရက္ၾကာ ေတြ႔ဆံုေဆြးေႏြးခဲ့ေၾကာင္း၊ တ႐ုတ္ သမၼတ ရွီက်င့္ဖ်င္နဲ႔ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္တုိ႔ မ်က္ႏွာခ်င္းဆိုင္ ေတြ႔ဆံုေဆြးေႏြးၿပီးေနာက္ပိုင္း တ႐ုတ္နဲ႔ အေမရိကန္ႏုိင္ငံၾကား အဆင့္ျမင့္ အရာရွိႀကီးေတြ ပထမဆံုးအႀကိမ္ ကုန္သြယ္ေရး ကိစၥအတြက္ ေဆြးေႏြးတာ ျဖစ္ပါတယ္။ တ႐ုတ္သမၼတနဲ႔ အေမရိကန္သမၼတတို႔ မႏွစ္က ဒီဇင္ဘာလတုန္းမွာ ေတြ႔ဆံုစဥ္ အျငင္းပြားေနတဲ့ ကုန္စည္ခြန္ ေကာက္ခံတာေတြကို ရက္ေပါင္း ၉၀ ၾကာ ဆုိင္းငံ့ထားဖုိ႔ သေဘာတူညီခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>

 

အမေရိကန်နဲ့ ကုန်သွယ်ရေး ဆွေးနွေးမှု တိုးတက်တယ်လို့ တရုတ်ပြော

တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး ဆွေးနွေးပွဲမှာ တိုးတက်မှုတွေ ရှိခဲ့ကြောင်း တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက ပြောခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးမှုက တစ်နိုင်ငံအပေါ် တစ်နိုင်ငံက စိုးရိမ်နေတဲ့ အချက်တွေကို ဖြေလျှော့နိုင်ဖို့ ကူညီရာ ရောက်ခဲ့ကြောင်း တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက ပြောခဲ့ပေမယ့် အသေးစိတ် အခြေအနေတွေကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

တရုတ်နဲ့ အမေရိကန် အရာရှိကြီးတွေဟာ တရုတ်နိုင်ငံမှာ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်တို့ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း တရုတ်နဲ့ အမေရိကန်နိုင်ငံကြား အဆင့်မြင့် အရာရှိကြီးတွေ ပထမဆုံးအကြိမ် ကုန်သွယ်ရေး ကိစ္စအတွက် ဆွေးနွေးတာ ဖြစ်ပါတယ်။ တရုတ်သမ္မတနဲ့ အမေရိကန်သမ္မတတို့ မနှစ်က ဒီဇင်ဘာလတုန်းမှာ တွေ့ဆုံစဉ် အငြင်းပွားနေတဲ့ ကုန်စည်ခွန် ကောက်ခံတာတွေကို ရက်ပေါင်း ၉၀ ကြာ ဆိုင်းငံ့ထားဖို့ သဘောတူညီခဲ့ပါတယ်။

?bph6