
0
79




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရုရှားမုဆိုးက သားအရင်းကို သမင်နဲ့ မှားယွင်း ပစ်သတ်မိ

ရုရှားနိုင်ငံက အမဲလိုက်မုဆိုးတစ်ဦးဟာ အမဲလိုက်ချိန်မှာ သမင်နဲ့မှားပြီး သားဖြစ်သူကို ပစ်သတ်ခဲ့မိမှု ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ဆာဘီးယား အနောက်ပိုင်းရှိ နက်ဖတီယူဂါနက်ခ် တောထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း မုဆိုးတစ်ဦးက သားအရင်းကို မှားယွင်း ပစ်ခတ်ခဲ့တာဖြစ်ကြောင်း၊ မုဆိုးရဲ့ အမြင်မှာ ရွေ့လျားနေတဲ့ အရာဟာ သမင်လို့ ထင်မှတ်ခဲ့ကြောင်း ရုရှား ဖက်ဒရယ် စုံစမ်းရေးရဲတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်လိုက်တဲ့ အရာကို မုဆိုးက အနီးကပ်တွေ့ချိန်မှာ အသက် ၁၈ နှစ်အရွယ် သားဖြစ်နေကြောင်း၊ သားဖြစ်သူဟာ ရရှိတဲ့ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ လက်ရှိအချိန်မှာ မုဆိုးကို အဆင်ခြင်မဲ့ သတ်ဖြတ်မှုနဲ့ စွဲချက်တင်ထားကြောင်း ရုရှားရဲတွေက ပြောပါတယ်။

?bph6