တာလီဘန္ေတြ တိုက္ခိုက္မႈေၾကာင့္ အာဖန္ဂန္ ရဲတပ္ဖြဲ႔ဝင္ ၂၁ ဦး ေသဆံုး

0
43

တာလီဘန္အဖြဲ႔ဟာ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း အာဖန္ဂန္နစၥတန္ ေျမာက္ပိုင္းနဲ႔ အေနာက္ပိုင္းတု႔ိမွာ တုိက္ခုိက္ခဲ့လို႔ အာဖန္ဂန္နစၥတန္ လံုၿခံဳေရးတပ္ဖြဲ႔ဝင္ ၂၁ ဦး ေသဆံုးခဲ့ပါတယ္။

တာလီဘန္အဖြဲ႔ဟာ ရဲစခန္းတစ္ခုကို တိုက္ခုိက္ခဲ့ရာမွာ ရဲ ၆ ဦး ေသဆံုးသြားခဲ့ေၾကာင္း အာဖန္ဂန္နစၥတန္၊ ဘတ္ဂစ္ေဒသ အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။ ဒါ့အျပင္ တက္ဟာေဒသ အုပ္ခ်ဳပ္ေရးမွဴးကလည္း တာလီဘန္အဖြဲ႔ရဲ႕ တုိက္ခုိက္မႈေၾကာင့္ ရဲ ၈ ဦး ေသဆံုးသြားခဲ့ေၾကာင္း၊ ဒါ့အျပင္ ဘတ္ဂလန္ေဒသမွာလည္း တာလီဘန္တပ္ဖြဲ႔ တုိက္ခုိက္မႈေၾကာင့္ ရဲ ၇ ဦး ေသဆံုးသြားခဲ့ေၾကာင္း ေျပာခဲ့ပါတယ္။

တာလီဘန္အဖြဲ႔ တုိက္ခိုုက္မႈေတြေၾကာင့္ အာဖန္ဂန္နစၥတန္ တပ္ဖြဲ႔ဝင္ ၂၃ ဦးလည္း ဒဏ္ရာရခဲ့ပါတယ္။ တာလီဘန္ေတြဟာ အာဖန္ဂန္နစၥတန္ႏိုင္ငံမွာ အပစ္အခတ္ ရပ္စဲေရးအတြက္ အေမရိကန္ အစိုးရ တာဝန္ရွိသူေတြနဲ႔ ေဆြးေႏြးဖုိ႔ စီစဥ္ထားေပမယ့္ ေဆြးေႏြးမႈကို ဖ်က္သိမ္းလုိက္ရေၾကာင္း သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

တာလီဘန်တွေ တိုက်ခိုက်မှုကြောင့် အာဖန်ဂန် ရဲတပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံး

တာလီဘန်အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာဖန်ဂန်နစ္စတန် မြောက်ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ တိုက်ခိုက်ခဲ့လို့ အာဖန်ဂန်နစ္စတန် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံးခဲ့ပါတယ်။

တာလီဘန်အဖွဲ့ဟာ ရဲစခန်းတစ်ခုကို တိုက်ခိုက်ခဲ့ရာမှာ ရဲ ၆ ဦး သေဆုံးသွားခဲ့ကြောင်း အာဖန်ဂန်နစ္စတန်၊ ဘတ်ဂစ်ဒေသ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒါ့အပြင် တက်ဟာဒေသ အုပ်ချုပ်ရေးမှူးကလည်း တာလီဘန်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ရဲ ၈ ဦး သေဆုံးသွားခဲ့ကြောင်း၊ ဒါ့အပြင် ဘတ်ဂလန်ဒေသမှာလည်း တာလီဘန်တပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် ရဲ ၇ ဦး သေဆုံးသွားခဲ့ကြောင်း ပြောခဲ့ပါတယ်။

တာလီဘန်အဖွဲ့ တိုက်ခိုက်မှုတွေကြောင့် အာဖန်ဂန်နစ္စတန် တပ်ဖွဲ့ဝင် ၂၃ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ တာလီဘန်တွေဟာ အာဖန်ဂန်နစ္စတန်နိုင်ငံမှာ အပစ်အခတ် ရပ်စဲရေးအတွက် အမေရိကန် အစိုးရ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားပေမယ့် ဆွေးနွေးမှုကို ဖျက်သိမ်းလိုက်ရကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

?bph6