ဂ်ာမနီ ေလဆိပ္ သံုးခုမွာ သပိတ္ေမွာက္လို႔ ေလယာဥ္ ခရီးစဥ္ ၆၀၀ ဖ်က္သိမ္းရ

0
49

ဂ်ာမနီႏိုင္ငံရွိ ေလဆိပ္ သံုးခုမွာ လံုၿခံဳေရးဝန္ထမ္းေတြ သပိတ္ေမွာက္လို႔ ဒီေန႔ ဇန္နဝါရီလ ၁၀ ရက္ေန႔မွာ ေလယာဥ္ ခရီးစဥ္ ၆၄၀ ဖ်က္သိမ္းလိုက္ရၿပီး ခရီးသည္ ၁ သိန္းေက်ာ္ ေသာင္တင္ေနပါတယ္။

ဒူဆယ္ေဒါ့ဖ္၊ ကိုလုန္း-ဘြန္းနဲ႔ စတုဂတ္ ေလဆိပ္ေတြမွာ သပိတ္ေမွာက္ေနတာ ျဖစ္ပါတယ္။ ဒူဆယ္ေဒါ့ဖ္ ေလဆိပ္ဟာ ဂ်ာမနီမွာ တတိယအႀကီးဆံုး ေလဆိပ္ျဖစ္ၿပီး ထြက္ခြာဖို႔ စီစဥ္ထားတဲ့ ခရီးစဥ္ ၅၈၀ အနက္ ၃၇၀ ကို ဖ်က္သိမ္းထားရပါတယ္။ ကိုလုန္း-ဘြန္း ေလဆိပ္မွာေတာ့ စီစဥ္ထားတဲ့ ခရီးစဥ္ ၂၀၀ အနက္ ၁၃၁ ခုကို ဖ်က္သိမ္းလိုက္ရၿပီ ျဖစ္ပါတယ္။

အလုပ္သမား သမဂၢ ဗာဒီက ဂ်ာမနီႏိုင္ငံ တဝန္းရွိ ေလဆိပ္ လံုၿခံဳေရးဝန္ထမ္း ၂၃၀၀၀ ကိုယ္စား လက္ရွိ အလုပ္ခ်ိန္ တစ္နာရီကို ၁၇ ယူ႐ိုကေန ၂၀ ယူ႐ို တိုးေပးဖို႔ ဆႏၵျပေနတာ ျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ဂျာမနီ လေဆိပ် သုံးခုမှာ သပိတ်မှောက်လို့ လေယာဉ် ခရီးစဉ် ၆၀ဝ ဖျက်သိမ်းရ

ဂျာမနီနိုင်ငံရှိ လေဆိပ် သုံးခုမှာ လုံခြုံရေးဝန်ထမ်းတွေ သပိတ်မှောက်လို့ ဒီနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ လေယာဉ် ခရီးစဉ် ၆၄၀ ဖျက်သိမ်းလိုက်ရပြီး ခရီးသည် ၁ သိန်းကျော် သောင်တင်နေပါတယ်။

ဒူဆယ်ဒေါ့ဖ်၊ ကိုလုန်း-ဘွန်းနဲ့ စတုဂတ် လေဆိပ်တွေမှာ သပိတ်မှောက်နေတာ ဖြစ်ပါတယ်။ ဒူဆယ်ဒေါ့ဖ် လေဆိပ်ဟာ ဂျာမနီမှာ တတိယအကြီးဆုံး လေဆိပ်ဖြစ်ပြီး ထွက်ခွာဖို့ စီစဉ်ထားတဲ့ ခရီးစဉ် ၅၈၀ အနက် ၃၇၀ ကို ဖျက်သိမ်းထားရပါတယ်။ ကိုလုန်း-ဘွန်း လေဆိပ်မှာတော့ စီစဉ်ထားတဲ့ ခရီးစဉ် ၂၀ဝ အနက် ၁၃၁ ခုကို ဖျက်သိမ်းလိုက်ရပြီ ဖြစ်ပါတယ်။

အလုပ်သမား သမဂ္ဂ ဗာဒီက ဂျာမနီနိုင်ငံ တဝန်းရှိ လေဆိပ် လုံခြုံရေးဝန်ထမ်း ၂၃၀ဝ၀ ကိုယ်စား လက်ရှိ အလုပ်ချိန် တစ်နာရီကို ၁၇ ယူရိုကနေ ၂၀ ယူရို တိုးပေးဖို့ ဆန္ဒပြနေတာ ဖြစ်ပါတယ်။

?bph6