အေမရိကန္-မကၠဆီကို နယ္စပ္ၿမိဳ႕မွာ လူေသအေလာင္း ၂၀ ေတြ႔ရွိ

0
150

အေမရိကန္နယ္စပ္နဲ႔ နီးတဲ့ တာမာအူလီပတ္စ္ ျပည္နယ္ ႏူဗို လာေရဒိုၿမိဳ႕မွာ မကၠဆီကို ရဲေတြက လူေသ အေလာင္း ၂၀ ကို ေတြ႔ရွိခဲ့ၿပီး အဲဒီထဲက အေလာင္း ၁၇ ေလာင္းကေတာ့ မီး႐ိႈ႕ခံထားပါတယ္။

လူေသအေလာင္းေတြ အနီးမွာ ကား ငါးစီးကို မီး႐ိႈ႕ထားတာလည္း ေတြ႔ရွိခဲ့ပါတယ္။ မကၠဆီကိုႏိုင္ငံမွာ အေမရိကန္ႏိုင္ငံ၊ တကၠဆက္နယ္စပ္နဲ႔ နီးတဲ့ တာမာအူလီပတ္စ္ ျပည္နယ္ ေျမာက္ပိုင္းက ႏူဗို လာေရဒိုၿမိဳ႕ဟာ အၾကမ္းဖက္မႈေတြ အမ်ားဆံုးျဖစ္တဲ့ ျပည္နယ္ ျဖစ္ၿပီး မူးယစ္ေဆးဝါး ေရာင္းဝယ္မႈကို ထိန္းခ်ဳပ္ဖို႔ လူမိုက္ဂိုဏ္အခ်င္းခ်င္း တိုက္ခိုက္တာ၊ ေရႊ႕ေျပာင္း ဝင္ေရာက္သူေတြအေပၚ ေခါင္းပံုျဖတ္တာေတြ လုပ္ေဆာင္ေလ့ရွိပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္ေတြမွာလည္း မူးယစ္ဂိုဏ္းအခ်င္းခ်င္း တိုက္ခိုက္တာ၊ မူးယစ္ဂိုဏ္းေတြနဲ႔ မကၠဆီကို စစ္တပ္တို႔ ပစ္ခတ္တိုက္ခိုက္တာေတြ ျဖစ္ၿပီးေနာက္ လူေတြ ရာနဲ႔ခ်ီ ျမွဳပ္ထားတဲ့ က်င္းေတြကိုလည္း ေတြ႔ရွိခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

အမေရိကန်-မက္ကဆီကို နယ်စပ်မြို့မှာ လူသေအလောင်း ၂၀ တွေ့ရှိ

အမေရိကန်နယ်စပ်နဲ့ နီးတဲ့ တာမာအူလီပတ်စ် ပြည်နယ် နူဗို လာရေဒိုမြို့မှာ မက္ကဆီကို ရဲတွေက လူသေ အလောင်း ၂၀ ကို တွေ့ရှိခဲ့ပြီး အဲဒီထဲက အလောင်း ၁၇ လောင်းကတော့ မီးရှို့ခံထားပါတယ်။

လူသေအလောင်းတွေ အနီးမှာ ကား ငါးစီးကို မီးရှို့ထားတာလည်း တွေ့ရှိခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံမှာ အမေရိကန်နိုင်ငံ၊ တက္ကဆက်နယ်စပ်နဲ့ နီးတဲ့ တာမာအူလီပတ်စ် ပြည်နယ် မြောက်ပိုင်းက နူဗို လာရေဒိုမြို့ဟာ အကြမ်းဖက်မှုတွေ အများဆုံးဖြစ်တဲ့ ပြည်နယ် ဖြစ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို ထိန်းချုပ်ဖို့ လူမိုက်ဂိုဏ်အချင်းချင်း တိုက်ခိုက်တာ၊ ရွှေ့ပြောင်း ဝင်ရောက်သူတွေအပေါ် ခေါင်းပုံဖြတ်တာတွေ လုပ်ဆောင်လေ့ရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေမှာလည်း မူးယစ်ဂိုဏ်းအချင်းချင်း တိုက်ခိုက်တာ၊ မူးယစ်ဂိုဏ်းတွေနဲ့ မက္ကဆီကို စစ်တပ်တို့ ပစ်ခတ်တိုက်ခိုက်တာတွေ ဖြစ်ပြီးနောက် လူတွေ ရာနဲ့ချီ မြှုပ်ထားတဲ့ ကျင်းတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။

?bph6