ဂ်ာဂြာ လန္း႐ိုဗာ ကားကုမၸဏီ အလုပ္အကိုင္ ၅ ေထာင္ ေလွ်ာ့ခ်မယ္

0
94

ၿဗိတိန္ႏိုင္ငံမွာ ႐ံုးခ်ဳပ္ တည္ရွိတဲ့ ဂ်ာဂြာ လန္း႐ိုဗာ ကားကုမၸဏီဟာ အလုပ္အကိုင္ ၅ ေထာင္ ေလွ်ာ့ခ်ဖို႔ ရွိေနပါတယ္။

လန္း႐ိုဗာ ကားကုမၸဏီဟာ ၿဗိတိန္ရွိ ေဟးလ္ဝုဒ္၊ ဆိုလီေဟာလ္၊ ကက္စတယ္ ဘရြန္းဝစ္ခ်္နဲ႔ ဝုလ္ဗာဟမ္ပတမ္တို႔မွာ အလုပ္အကိုင္ေပါင္း ၄၄၀၀၀ ေပးထားပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ကားေရာင္းခ်ရမႈ က်ဆင္းလာတာ၊ ဥေရာပ သမဂၢကေန ၿဗိတိန္ ႏုတ္ထြက္မယ့္ အေရး၊ ဒီဇယ္သံုးကား ေလ်ာ့က်မႈတို႔ေၾကာင့္ လန္း႐ိုဗာ ကုမၸဏီဟာ ကုန္က်စရိတ္ ေပါင္ေငြ ၂ ဒသမ ၅ ဘီလီယံေလာက္ ေလွ်ာ့ခ်ဖို႔ လိုအပ္ေနပါတယ္။

ဆိုလီေဟာလ္ရွိ အိႏၵိယကားကုမၸဏီ တာတာဟာ မႏွစ္က ယာယီစာခ်ဳပ္နဲ႔ အလုပ္လုပ္တဲ့ အလုပ္အကိုင္ေပါင္း ၁ ေထာင္ကို ေလွ်ာ့ခ်ခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ဂျာဂွာ လန်းရိုဗာ ကားကုမ္ပဏီ အလုပ်အကိုင် ၅ ထောင် လျှော့ချမယ်

ဗြိတိန်နိုင်ငံမှာ ရုံးချုပ် တည်ရှိတဲ့ ဂျာဂွာ လန်းရိုဗာ ကားကုမ္ပဏီဟာ အလုပ်အကိုင် ၅ ထောင် လျှော့ချဖို့ ရှိနေပါတယ်။

လန်းရိုဗာ ကားကုမ္ပဏီဟာ ဗြိတိန်ရှိ ဟေးလ်ဝုဒ်၊ ဆိုလီဟောလ်၊ ကက်စတယ် ဘရွန်းဝစ်ချ်နဲ့ ဝုလ်ဗာဟမ်ပတမ်တို့မှာ အလုပ်အကိုင်ပေါင်း ၄၄၀ဝ၀ ပေးထားပါတယ်။ တရုတ်နိုင်ငံမှာ ကားရောင်းချရမှု ကျဆင်းလာတာ၊ ဥရောပ သမဂ္ဂကနေ ဗြိတိန် နုတ်ထွက်မယ့် အရေး၊ ဒီဇယ်သုံးကား လျော့ကျမှုတို့ကြောင့် လန်းရိုဗာ ကုမ္ပဏီဟာ ကုန်ကျစရိတ် ပေါင်ငွေ ၂ ဒသမ ၅ ဘီလီယံလောက် လျှော့ချဖို့ လိုအပ်နေပါတယ်။

ဆိုလီဟောလ်ရှိ အိန္ဒိယကားကုမ္ပဏီ တာတာဟာ မနှစ်က ယာယီစာချုပ်နဲ့ အလုပ်လုပ်တဲ့ အလုပ်အကိုင်ပေါင်း ၁ ထောင်ကို လျှော့ချခဲ့ပါတယ်။