
0
55




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

သြစတြေးလျရှိ သံရုံးတွေကို မသင်္ကာဖွယ် အထုပ်တွေပို့သူ ထောင် ၁၀ နှစ် ကျနိုင်

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ ကင်ဘာရာမြို့နဲ့ ဆစ်ဒနီမြို့တွေရှိ သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေကို မသင်္ကာဖွယ် အထုပ် ၃၈ ထုပ် ပို့ခဲ့သူကို ရဲက ဖမ်းဆီးလိုက်ပြီ ဖြစ်ပါတယ်။

မသင်္ကာဖွယ် အထုပ်တွေ ပို့ခဲ့သူ ဆာဗက်စ် အာဗန် (၄၈ နှစ်) ကို ဇန်နဝါရီလ ၉ ရက်နေ့ညမှာ ဗစ်တိုးရီးယား ပြည်နယ်၊ ရှက်ပါတန်ရှိ နေအိမ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူ့ကို အန္တရာယ်ရှိစေသော ပစ္စည်းတွေကို စာတိုက်နေ ပို့ဆောင်မှုနဲ့ အမှုဖွင့်ထားပါတယ်။

ဒီနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ မဲလ်ဘုန်း တရားရုံးမှာ ရုံးထုတ်ပြီး အာဗန်ဟာ အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်တယ်လို့ ဓနသဟာယ အစိုးရရှေ့နေ မက်သယူး ဆင်ပဆန်က ပြောပါတယ်။ သူ့ကို မတ်လ ၄ ရက်နေ့မှာ ထပ်မံ ရုံးထုတ်မှာ ဖြစ်ပါတယ်။

?bph6