အစၥေရးဝန္ႀကီးေဟာင္း သူလ်ိဳလုပ္မႈနဲ႔ ေထာင္ ၁၁ ႏွစ္က်

0
56

အစၥေရး အစိုးရအဖြဲ႔ဝင္ ဝန္ႀကီးေဟာင္း ဂုိနင္ ဆီးေဂဗ့္ (၆၃ ႏွစ္) ဟာ အီရန္ႏိုင္ငံအတြက္ သူလ်ိဳလုပ္ခဲ့လို႔ ေထာင္ဒဏ္ ၁၁ ႏွစ္ ျပစ္ဒဏ္ေပးလုိက္ေၾကာင္း အစၥေရး တရားေရးဝန္ႀကီးက ေျပာပါတယ္။

ဝန္ႀကီးေဟာင္း ဆီးေဂဗ့္ကလည္း သူဟာ အီရန္အတြက္ သူလ်ိဳလုပ္ခဲ့တယ္လုိ႔ ဝန္ခံထာားပါတယ္။ ဆီးေဂဗ့္ဟာ ၁၉၉၀ ျပည့္ႏွစ္ ဝန္းက်င္က အစၥေရး အစိုးရအဖြဲ႔ဝင္ စြမ္းအင္ဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့သူျဖစ္ၿပီး အစၥေရး အစိုးရ တာဝန္ရွိသူေတြ၊ လံုၿခံဳေရးေနရာ အေသးစိတ္ေတြကို ဖြင့္ခ်ခဲ့သူျဖစ္ေၾကာင္း အစၥေရး တရားေရးဝန္ႀကီးက ေျပာပါတယ္။

အစၥေရးဝန္ႀကီးေဟာင္း ဆီးေဂဗ့္ရဲ႕ ထြက္ဆုိခ်က္ေတြနဲ႔ ပတ္သက္လုိ႔ အီရန္အစိုးရက တစ္စံုတရာ မွတ္ခ်က္ျပဳေျပာဆုိတာ မရွိေသးပါဘူး။ ဆီးေဂဗ့္ကို မႏွစ္က ေမလမွာ အက္ကြာတိုရီယယ္ ဂီနီယာ ႏိုင္ငံမွာ ဖမ္းမိၿပီး အစၥေရးကို ျပန္လည္ လႊဲေျပာင္းေပးခဲ့တာ ျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>

အစ္စရေးဝန်ကြီးဟောင်း သူလျိုလုပ်မှုနဲ့ ထောင် ၁၁ နှစ်ကျ

အစ္စရေး အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်း ဂိုနင် ဆီးဂေဗ့် (၆၃ နှစ်) ဟာ အီရန်နိုင်ငံအတွက် သူလျိုလုပ်ခဲ့လို့ ထောင်ဒဏ် ၁၁ နှစ် ပြစ်ဒဏ်ပေးလိုက်ကြောင်း အစ္စရေး တရားရေးဝန်ကြီးက ပြောပါတယ်။

ဝန်ကြီးဟောင်း ဆီးဂေဗ့်ကလည်း သူဟာ အီရန်အတွက် သူလျိုလုပ်ခဲ့တယ်လို့ ဝန်ခံထားပါတယ်။ ဆီးဂေဗ့်ဟာ ၁၉၉၀ ပြည့်နှစ် ဝန်းကျင်က အစ္စရေး အစိုးရအဖွဲ့ဝင် စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အစ္စရေး အစိုးရ တာဝန်ရှိသူတွေ၊ လုံခြုံရေးနေရာ အသေးစိတ်တွေကို ဖွင့်ချခဲ့သူဖြစ်ကြောင်း အစ္စရေး တရားရေးဝန်ကြီးက ပြောပါတယ်။

အစ္စရေးဝန်ကြီးဟောင်း ဆီးဂေဗ့်ရဲ့ ထွက်ဆိုချက်တွေနဲ့ ပတ်သက်လို့ အီရန်အစိုးရက တစ်စုံတရာ မှတ်ချက်ပြုပြောဆိုတာ မရှိသေးပါဘူး။ ဆီးဂေဗ့်ကို မနှစ်က မေလမှာ အက်ကွာတိုရီယယ် ဂီနီယာ နိုင်ငံမှာ ဖမ်းမိပြီး အစ္စရေးကို ပြန်လည် လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

?bph6