ပါဗက္ကို အၿပီးသတ္ ေခၚယူမယ္လုိ႔ ဘုိင္ယန္ျမဴးနစ္ေျပာ

0
589

ျပင္သစ္အသင္းနဲ႔အတူ ကမာၻ႔ဖလား ခ်န္ပီယံဆု ရယူႏုိင္ခဲ့တဲ့ ေနာက္ခံလူ ပါဗက္ကို ေခၚယူမွာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လမွာ ေျပာင္းေရႊ႕မွာျဖစ္ေၾကာင္း ဘုိင္ယန္ျမဴးနစ္ အသင္းက ေျပာပါတယ္။

ဘုိင္ယန္ျမဴးနစ္ အသင္းက စတုဂတ္ ေနာက္ခံလူ ပါဗက္ကို ေလွ်ာ္ေၾကး စာခ်ဳပ္ပါအတုိင္း ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၁ သန္းနဲ႔ ေခၚယူသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။ ပါဗက္ဟာ ၂၀၁၈-၁၉ ေဘာလံုးရာသီ ၿပီးဆံုးခ်ိန္မွာ စတုဂတ္ကေန ဘုိင္ယန္ျမဴးနစ္ကို ေျပာင္းေရႊ႕မွာ ျဖစ္ပါတယ္။

ပါဗက္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္နဲ႔အတူ ေျခစြမ္းျပႏုိင္ခဲ့သလုိ စတုဂတ္အတြက္လည္း ေျခစြမ္းျပ ကစားေနသူ ျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>

 

ပါဗက်ကို အပြီးသတ် ခေါ်ယူမယ်လို့ ဘိုင်ယန်မြူးနစ်ပြော

ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံဆု ရယူနိုင်ခဲ့တဲ့ နောက်ခံလူ ပါဗက်ကို ခေါ်ယူမှာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှာ ပြောင်းရွှေ့မှာဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် အသင်းက ပြောပါတယ်။

ဘိုင်ယန်မြူးနစ် အသင်းက စတုဂတ် နောက်ခံလူ ပါဗက်ကို လျှော်ကြေး စာချုပ်ပါအတိုင်း ပြောင်းရွှေ့ကြေး ပေါင် ၃၁ သန်းနဲ့ ခေါ်ယူသွားမှာဖြစ်ကြောင်း ပြောပါတယ်။ ပါဗက်ဟာ ၂၀၁၈-၁၉ ဘောလုံးရာသီ ပြီးဆုံးချိန်မှာ စတုဂတ်ကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။

ပါဗက်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့သလို စတုဂတ်အတွက်လည်း ခြေစွမ်းပြ ကစားနေသူ ဖြစ်ပါတယ်။