ဗီယက္နမ္မွာ ၾကက္ငွက္တုပ္ေကြး ေရာဂါပိုး H5N6 တတိယ ေျမာက္ ေတြ႔ရွိ

0
79

ဗီယက္နမ္ႏုိင္ငံ ေျမာက္ပိုင္းက ကြမ္နင္ျပည္နယ္မွာ ရာသီေပၚ ၾကက္ငွက္တုပ္ေကြး ေရာဂါပိုး H5N6 ကို မေန႔ ဇန္နဝါရီလ ၉ ရက္ေန႔က တတိယအႀကိမ္ေျမာက္ ေတြ႔႐ွိခဲ့ၿပီး ေမြးျမဴေရးၾကက္ေတြ ကူးစက္ခံထားရတယ္လို႔ ေဒသတြင္း တိရိစာၦန္က်န္းမာေရး ေစာင့္ၾကည့္ေရးဗ်ဴ႐ုိက ထုတ္ျပန္ထားပါတယ္။

ေနာက္ဆံုး ေတြ႔ခဲ့တာကေတာ့ ဇန္နဝါရီလ ၇ ရက္ေန႔က ဟိုင္ဟားခ႐ုိင္မွာ ေမြးျမဴေရးၾကက္ ၃၀၀၀ ေက်ာ္ ကူးစက္ခံထားရတာ ျဖစ္ပါတယ္။ H5N6 ဗုိင္းရပ္စ္ကုိ ကြမ္နင္ ျပည္နယ္ရွိ မြန္ကိုင္ၿမိဳ႕မွာ ပထမဆံုး ေတြ႔ခဲ့တာျဖစ္ၿပီး ဒုတိယအေနနဲ႔ တိုင္အင္ ယန္မွာ ေတြ႔ခဲ့တာ ျဖစ္ပါတယ္။

ဗီယက္နမ္ စိုက္ပ်ဳိးေရးနဲ႔ ေက်းလက္ဖြံ႔ၿဖိဳး တုိးတက္ေရး ဝန္ႀကီးဌာနက ဗီယက္နမ္ ေတာင္ပိုင္းတေၾကာရွိ ေဒသေတြမွာ ၾကက္ငွက္တုပ္ေကြး ကူးစက္ခံထားရတဲ့ ၾကက္ေတြနဲ႔ ဘဲေတြကို ေထာင္နဲ႔ခ်ီၿပီးေတာ့ သတ္ပစ္ခဲ့ရေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။ ဗီယက္နမ္ႏိုင္ငံမွာ ၂၀၁၄ ခုႏွစ္ ကတည္းက စၿပီးေတာ့ လူေတြမွာ ျဖစ္ပြားတဲ့ H5N1 တုပ္ေကြးဗုိင္းရပ္စ္ ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>

 

ဗီယက်နမ်မှာ ကြက်ငှက်တုပ်ကွေး ရောဂါပိုး H5N6 တတိယ မြောက် တွေ့ရှိ

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းက ကွမ်နင်ပြည်နယ်မှာ ရာသီပေါ် ကြက်ငှက်တုပ်ကွေး ရောဂါပိုး H5N6 ကို မနေ့ ဇန်နဝါရီလ ၉ ရက်နေ့က တတိယအကြိမ်မြောက် တွေ့ရှိခဲ့ပြီး မွေးမြူရေးကြက်တွေ ကူးစက်ခံထားရတယ်လို့ ဒေသတွင်း တိရိစ္ဆာန်ကျန်းမာရေး စောင့်ကြည့်ရေးဗျူရိုက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံး တွေ့ခဲ့တာကတော့ ဇန်နဝါရီလ ၇ ရက်နေ့က ဟိုင်ဟားခရိုင်မှာ မွေးမြူရေးကြက် ၃၀ဝ၀ ကျော် ကူးစက်ခံထားရတာ ဖြစ်ပါတယ်။ H5N6 ဗိုင်းရပ်စ်ကို ကွမ်နင် ပြည်နယ်ရှိ မွန်ကိုင်မြို့မှာ ပထမဆုံး တွေ့ခဲ့တာဖြစ်ပြီး ဒုတိယအနေနဲ့ တိုင်အင် ယန်မှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။

ဗီယက်နမ် စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနက ဗီယက်နမ် တောင်ပိုင်းတကြောရှိ ဒေသတွေမှာ ကြက်ငှက်တုပ်ကွေး ကူးစက်ခံထားရတဲ့ ကြက်တွေနဲ့ ဘဲတွေကို ထောင်နဲ့ချီပြီးတော့ သတ်ပစ်ခဲ့ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဗီယက်နမ်နိုင်ငံမှာ ၂၀၁၄ ခုနှစ် ကတည်းက စပြီးတော့ လူတွေမှာ ဖြစ်ပွားတဲ့ H5N1 တုပ်ကွေးဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။