ခ်ဲလ္ဆီးတုိက္စစ္မွဴး မုိရာတာကို ေခၚယူဖုိ႔ စိတ္ဝင္စားေၾကာင္း ဆီးဗီးလား အသင္း ေျပာ

0
519

ဆီးဗီးလားအသင္း အားကစားဒါ႐ိုက္တာ ကာပါေရာ့က ခ်ဲလ္ဆီးတုိက္စစ္မွဴး မုိရာတာကို ေခၚယူဖုိ႔ စိတ္ဝင္စားေၾကာင္း ေျပာပါတယ္။

ဒါ့အျပင္ မုိရာတာဟာ စပိန္ လာလီဂါၿပိဳင္ပြဲကို ျပန္ေျပာင္းကစားမယ္လုိ႔ ယံုၾကည္ေၾကာင္း၊ မုိရာတာကို ေခၚယူေရးအတြက္ ခ်ဲလ္ဆီးနဲ႔ ေဆြးေႏြးမႈေတြမွာ အခက္ခဲေတြ ရွိလာႏိုင္ေၾကာင္းလည္း ကာပါေရာ့က ေျပာပါတယ္။ မုိရာတာဟာ ၂၀၁၇ ခုႏွစ္ ဇူလိုင္လတုန္းက ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ ၁၆ ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ မိုရာတာဟာ ေအးဂ်င့္နဲ႔ ေတြ႔ဆံုေဆြးေႏြးထားေၾကာင္း၊ ဆီးဗီးလားအေနနဲ႔ မုိရာတာကို အငွားနဲ႔ေခၚယူေရး ကမ္းလွမ္းမႈေတြလည္း ျဖစ္လာႏိုင္ဖြယ္ရွိေၾကာင္း ဆီးဗီးလာအသင္း အားကစား ဒါ႐ိုက္တာက ေျပာပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>

 

ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ဆီးဗီးလား အသင်း ပြော

ဆီးဗီးလားအသင်း အားကစားဒါရိုက်တာ ကာပါရော့က ချဲလ်ဆီးတိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြောပါတယ်။

ဒါ့အပြင် မိုရာတာဟာ စပိန် လာလီဂါပြိုင်ပွဲကို ပြန်ပြောင်းကစားမယ်လို့ ယုံကြည်ကြောင်း၊ မိုရာတာကို ခေါ်ယူရေးအတွက် ချဲလ်ဆီးနဲ့ ဆွေးနွေးမှုတွေမှာ အခက်ခဲတွေ ရှိလာနိုင်ကြောင်းလည်း ကာပါရော့က ပြောပါတယ်။ မိုရာတာဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လတုန်းက ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၆ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ မိုရာတာဟာ အေးဂျင့်နဲ့ တွေ့ဆုံဆွေးနွေးထားကြောင်း၊ ဆီးဗီးလားအနေနဲ့ မိုရာတာကို အငှားနဲ့ခေါ်ယူရေး ကမ်းလှမ်းမှုတွေလည်း ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ဆီးဗီးလာအသင်း အားကစား ဒါရိုက်တာက ပြောပါတယ်။