
0
97




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ထိုင်း ရွေးကောက်ပွဲ မနှောင့်နှေးဖို့ ပြည်သူတွေ ဆန္ဒပြ

ထိုင်းနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲ နှောင့်နေးမှု မရှိစေရေးအတွက် လူပေါင်း ၂၀ဝ ကျော် ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ လာမယ့်လအတွင်း ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားပေမယ့် စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပါတီတွေ ရှိတယ်လို့ သံသယရှိနေကြပါတယ်။ ထိုင်းနိုင်ငံမှာ လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး နောက်ပိုင်းတည်းက ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် နှောင့်နေးခဲ့ပါတယ်။ လက်ရှိအချိန်မှာ ထိုင်းအစိုးရဟာ နိုင်ငံရေးတင်းကြပ်မှုတွေ ဖြေလျှော့ပေးထားပါတယ်။