ေဟာင္ေကာင္မွာ ေရနံတင္ သေဘၤာတစ္စီး ေပါက္ကြဲမီးေလာင္၊ တစ္ဦးေသ

0
513

ေဟာင္ေကာင္ရဲ႕ အဓိက ကၽြန္းတစ္ခုျဖစ္တဲ့ လားမားကၽြန္းနားမွာ ဒီေန႔ ဇန္နဝါရီလ ၈ ရက္ေန႔ မနက္ ၁၁ နာရီခြဲက ေရနံတင္သေဘၤာတစ္စီး ေပါက္ကြဲမီးေလာင္ခဲ့ပါတယ္။

သေဘၤာေပၚက ခုန္ခ်တဲ့ အသက္ ၂၁ ႏွစ္အ႐ြယ္ သေဘၤာသားတစ္ဦးကုိေတာ့ ရဲတပ္ဖြဲ႔ရဲ႕ ကယ္ဆယ္ေရးေလွက ကယ္တင္ခဲ့ပါတယ္။ ေသဆံုးေနတဲ့သူ တစ္ဦးကိုလည္း ဆယ္ယူခဲ့ရေၾကာင္း ရဲတပ္ဖြဲ႔က ထုတ္ျပန္ခဲ့ပါတယ္။ မီးေလာင္ခဲ့တဲ့ သေဘၤာဟာ တန္ခ်ိန္ ၁၁၀၀၀ ႐ွိၿပီး ဗီယက္နမ္အလံ တင္ထားပါတယ္။ အဲ့ဒီသေဘၤာဟာ ေဟာင္ေကာင္ ဆိပ္ကမ္းကေန တ႐ုတ္ႏို္င္ငံ ေဒါင္ဂြန္ဆိပ္ကမ္းကို သြြားမွာ ျဖစ္ပါတယ္။

ေပါက္ကြဲမႈနဲ႔နီးတဲ့ လားမားကၽြန္းနဲ႔ လန္တူ ကၽြန္းေပၚက ေဒသခံေတြ က်ယ္ေလာင္တဲ့အသံကို ၾကားခဲ့ရၿပီး ျပတင္းေပါက္ေတြနဲ႔ အိမ္ထဲက ပရိေဘာဂပစၥည္းေတြပါ လႈပ္ခါခဲ့ပါတယ္။ ရဲေတြကေတာ့ မီးေလာင္မႈမျဖစ္ခင္ ေပါက္ကြဲမႈျဖစ္ခဲ့လား ဆိုတာကို ေသခ်ာအတည္မျပဳႏုိင္ေသးပါဘူး။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ဟောင်ကောင်မှာ ရေနံတင် သင်္ဘောတစ်စီး ပေါက်ကွဲမီးလောင်၊ တစ်ဦးသေ

ဟောင်ကောင်ရဲ့ အဓိက ကျွန်းတစ်ခုဖြစ်တဲ့ လားမားကျွန်းနားမှာ ဒီနေ့ ဇန်နဝါရီလ ၈ ရက်နေ့ မနက် ၁၁ နာရီခွဲက ရေနံတင်သင်္ဘောတစ်စီး ပေါက်ကွဲမီးလောင်ခဲ့ပါတယ်။

သင်္ဘောပေါ်က ခုန်ချတဲ့ အသက် ၂၁ နှစ်အရွယ် သင်္ဘောသားတစ်ဦးကိုတော့ ရဲတပ်ဖွဲ့ရဲ့ ကယ်ဆယ်ရေးလှေက ကယ်တင်ခဲ့ပါတယ်။ သေဆုံးနေတဲ့သူ တစ်ဦးကိုလည်း ဆယ်ယူခဲ့ရကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ မီးလောင်ခဲ့တဲ့ သင်္ဘောဟာ တန်ချိန် ၁၁၀ဝ၀ ရှိပြီး ဗီယက်နမ်အလံ တင်ထားပါတယ်။ အဲ့ဒီသင်္ဘောဟာ ဟောင်ကောင် ဆိပ်ကမ်းကနေ တရုတ်နိ်ုင်ငံ ဒေါင်ဂွန်ဆိပ်ကမ်းကို သွားမှာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုနဲ့နီးတဲ့ လားမားကျွန်းနဲ့ လန်တူ ကျွန်းပေါ်က ဒေသခံတွေ ကျယ်လောင်တဲ့အသံကို ကြားခဲ့ရပြီး ပြတင်းပေါက်တွေနဲ့ အိမ်ထဲက ပရိဘောဂပစ္စည်းတွေပါ လှုပ်ခါခဲ့ပါတယ်။ ရဲတွေကတော့ မီးလောင်မှုမဖြစ်ခင် ပေါက်ကွဲမှုဖြစ်ခဲ့လား ဆိုတာကို သေချာအတည်မပြုနိုင်သေးပါဘူး။