ပင္လယ္နက္မွာ တင္းမာမႈေတြ ရွိစဥ္ အေမရိကန္ စစ္သေဘၤာ ႐ိုေမးနီးယားမွာ ဆိုက္ကပ္

0
403

အေမရိကန္ ေရတပ္ စစ္သေဘၤာတစ္စီးဟာ ႐ိုေမးနီးယား ဆိပ္ကမ္းတစ္ခုမွာ ဆိုက္ကပ္ေနၿပီး ဒါဟာ တင္းမာမႈေတြေၾကာင့္ ႐ုရွားက အနီးကပ္ ေစာင့္ၾကည့္ေနတဲ့ ပင္လယ္နက္မွာ အေမရိကန္ ျပည္ေထာင္စု စစ္အင္အားျပမႈ ျဖစ္ပါတယ္။

ခ႐ိုင္းမီယား ကြ်န္းဆြယ္နဲ႔ ဆက္ေနတဲ့ ပင္လယ္နက္မွာ ႐ုရွားနဲ႔ ယူကရိန္းတို႔ တင္းမာေနစဥ္ USS Fort McHenry ဟာ ပင္လယ္နက္ထဲကို ဝင္လာတဲ့ ပထမဆံုး အေမရိကန္ စစ္သေဘၤာ ျဖစ္ပါတယ္။ ႐ိုေမးနီးယားႏိုင္ငံ ကြန္စတန္တာ ဆိပ္ကမ္းမွ ေက်ာက္ခ်ထားတဲ့ အေမရိကန္ စစ္သေဘၤာဟာ ဇန္နဝါရီလ ၇ ရက္ေန႔က ေရာက္ရွိၿပီး ဇန္နဝါရီလ ၁၀ ရက္ေန႔အထိ ရွိမယ္လို႔ ႐ိုေမးနီးယား တာဝန္ရွိသူေတြက ေျပာပါတယ္။

အေမရိကန္ စစ္သေဘၤာဟာ ႐ိုေမးနီးယား ဖရီးဂိတ္ စစ္သေဘၤာ တစ္စီးနဲ႔ ႐ိုေမးနီးယား ေရပိုင္နက္၊ ႏိုင္ငံတကာ ေရပိုင္နက္တို႔မွာ စစ္ေရးေလ့က်င့္မွာ ျဖစ္ပါတယ္။ အေမရိကန္ စစ္သေဘၤာမွာ အင္အား ဘယ္ေလာက္ပါတယ္ဆုိတာေတာ့ မသိရေသးပါဘူး။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ပင်လယ်နက်မှာ တင်းမာမှုတွေ ရှိစဉ် အမေရိကန် စစ်သင်္ဘော ရိုမေးနီးယားမှာ ဆိုက်ကပ်

အမေရိကန် ရေတပ် စစ်သင်္ဘောတစ်စီးဟာ ရိုမေးနီးယား ဆိပ်ကမ်းတစ်ခုမှာ ဆိုက်ကပ်နေပြီး ဒါဟာ တင်းမာမှုတွေကြောင့် ရုရှားက အနီးကပ် စောင့်ကြည့်နေတဲ့ ပင်လယ်နက်မှာ အမေရိကန် ပြည်ထောင်စု စစ်အင်အားပြမှု ဖြစ်ပါတယ်။

ခရိုင်းမီယား ကျွန်းဆွယ်နဲ့ ဆက်နေတဲ့ ပင်လယ်နက်မှာ ရုရှားနဲ့ ယူကရိန်းတို့ တင်းမာနေစဉ် USS Fort McHenry ဟာ ပင်လယ်နက်ထဲကို ဝင်လာတဲ့ ပထမဆုံး အမေရိကန် စစ်သင်္ဘော ဖြစ်ပါတယ်။ ရိုမေးနီးယားနိုင်ငံ ကွန်စတန်တာ ဆိပ်ကမ်းမှ ကျောက်ချထားတဲ့ အမေရိကန် စစ်သင်္ဘောဟာ ဇန်နဝါရီလ ၇ ရက်နေ့က ရောက်ရှိပြီး ဇန်နဝါရီလ ၁၀ ရက်နေ့အထိ ရှိမယ်လို့ ရိုမေးနီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန် စစ်သင်္ဘောဟာ ရိုမေးနီးယား ဖရီးဂိတ် စစ်သင်္ဘော တစ်စီးနဲ့ ရိုမေးနီးယား ရေပိုင်နက်၊ နိုင်ငံတကာ ရေပိုင်နက်တို့မှာ စစ်ရေးလေ့ကျင့်မှာ ဖြစ်ပါတယ်။ အမေရိကန် စစ်သင်္ဘောမှာ အင်အား ဘယ်လောက်ပါတယ်ဆိုတာတော့ မသိရသေးပါဘူး။