
0
680




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

မြောက်ကိုရီးယားက ထွက်ပြေးလာသူ ၁ ထောင်စာရင်းကို ဟက်ကာတွေ ထိုးဖောက် ဖော်ထုတ်

အမည်မသိ ဟက်ကာတစ်ဦးဟာ မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ထွက်ပြေးလာသူ လူ ၁ ထောင်နီးပါးရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖောက်ထွင်းခိုးယူပြီး ဖွင့်ချလိုက်ပါတယ်။

ပြန်လည် နေရာချထားရေး အေဂျင်စီရဲ့ ဒေတာဘေ့စ်ထဲကို ဖောက်ဝင်ပြီး အခုလို ပေါက်ကြားမှု ဖြစ်ခဲ့တာလို့ တောင်ကိုရီးယား ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောပါတယ်။

ထွက်ပြေးခိုလှုံသူတွေ ၉၉၇ ဦးရဲ့ အမည်၊ မွေးသက္ကရာဇ်၊ လိပ်စာတွေ ဂူမီမြို့၊ ဟာနာ စင်တာရှိ ကွန်ပျူတာထဲကနေ ခိုးယူခံရတာ ဖြစ်ပါတယ်။ အီးမေးလ်ကနေ တဆင့် malware တွေ ထည့်ပြီး ဟက်သွားတာ ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။