
0
695




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ရှားပါးတဲ့ မျောက်ကို သတ်စားတဲ့ ဗီယက်နမ် ခြောက်ဦး အဖမ်းခံရ

မျိုးတုံးပျောက်ကွယ်လုဖြစ်နေပြီး ရှားပါးတဲ့ မျောက်တစ်ကောင်ကို သတ်ဖြတ် ချက်ပြုတ်စားသောက်တဲ့ ဗီယက်နမ် ခြောက်ဦးကို ရဲက ဖမ်းဆီးလိုက်ပါတယ်။

အသက် ၃၅ နှစ်ကနေ ၅၉ နှစ်အထိ ရှိတဲ့ အမျိုးသား ခြောက်ဦးဟာ လန်ဂွာမျောက် တစ်ကောင်ကို သတ်ဖြတ် ချက်ပြုတ် စားသောက်နေတာကို ဗီဒီယိုရိုက်ကူးပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က Facebook မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ ရဲက သူတို့ကို ရှာဖွေနိုင်ခဲ့ပြီး မနေ့က ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ဗီယက်နမ် နိုင်ငံမှာ ဆေးဘက်ဝင်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ရှားပါးပြီး မျိုးတုံးတော့မယ့် တိရစ္ဆာန်ကို သတ်ဖြတ်စားသောက်မှု ကျယ်ကျယ်ပြန့်ပြန့် ရှိနေလို့ အဲဒီ တိရစ္ဆာန်တွေကို ရောင်းဝယ်တဲ့ မှောင်ခိုဈေးကွက်လည်း ရှိနေပါတယ်။