ဝင္ေငြနည္း အိမ္ေထာင္စုေတြကို မေလးရွားအစိုးရ ကူညီပံ့ပိုးမယ္

0
811

ႏိုင္ငံအတြင္းရွိ ဝင္ေငြနည္းတဲ့ အိမ္ေထာင္စုေတြကို လူမႈေနထိုင္စရိတ္ ေထာက္ပံ့ေပးမႈ အစိတ္အပိုင္းအျဖစ္ ေငြေၾကး ကူညီေပးမယ့္ အစီအစဥ္ကို လာမယ့္ႏွစ္မွာ ျပန္စတင္သြားမယ္လို႔  မေလးရွား ဘ႑ာေရးဝန္ႀကီးက ေျပာလုိက္ပါတယ္။

မေလးရွား ႏုိင္ငံအတြင္း ဝင္ေငြနည္း အိမ္ေထာင္စုေတြကို ေငြေၾကးေထာက္ပံ့ေပးမယ့္ အစီအစဥ္ေၾကာင့္  အိမ္ေထာင္စုေပါင္း ၄ ဒသမ ၁ သန္း အက်ိဳးခံစားရမွာ ျဖစ္ၿပီး အစိုးရက ရင္းဂစ္ေငြ ၁ ဒသမ ၂ ဘီလီယံ ကုန္က်မယ္လို႔ မေလးရွား ဘ႑ာေရးဝန္ႀကီး လင္မ္ဂမ္အန္႔က ေျပာပါတယ္။

ေထာက္ပံေပးမယ့္ေငြကို ဘဏ္အေကာင့္ထဲ တုိက္႐ိုက္ လႊဲေပးသြားမွာ ျဖစ္ပါတယ္။ ေငြေၾကး ကူညီေပးမယ့္ အစီစဥ္သစ္အရ တစ္လကို မေလးရွား ရင္းဂစ္ ၂၀၀၀ နဲ႔ ၂၀၀၀ ေအာက္ ရရွိတဲ့ မိသားစုေတြဟာ မေလးရွား ရင္းဂစ္ ၁၀၀၀၊  ရင္းဂစ္ ၂၀၀၁ နဲ႔ ၃၀၀၀ ၾကား ရရွိတဲ့ အိမ္ေထာင္စုေတြဟာ ကူညီေထာက္ပံ့ေငြ ရင္းဂစ္ ၇၅၀၊ တစ္လကို ရင္းဂစ္ ၃၀၀၁ နဲ႔ ၄၀၀၀ ၾကား ဝင္ေငြရွိတဲ့ မိသားစုေတြက ရင္းဂစ္ ၅၀၀ ေထာက္ပံ့ေၾကးရရွိမွာ ျဖစ္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ဝင်ငွေနည်း အိမ်ထောင်စုတွေကို မလေးရှားအစိုးရ ကူညီပံ့ပိုးမယ်

နိုင်ငံအတွင်းရှိ ဝင်ငွေနည်းတဲ့ အိမ်ထောင်စုတွေကို လူမှုနေထိုင်စရိတ် ထောက်ပံ့ပေးမှု အစိတ်အပိုင်းအဖြစ် ငွေကြေး ကူညီပေးမယ့် အစီအစဉ်ကို လာမယ့်နှစ်မှာ ပြန်စတင်သွားမယ်လို့  မလေးရှား ဘဏ္ဍာရေးဝန်ကြီးက ပြောလိုက်ပါတယ်။

မလေးရှား နိုင်ငံအတွင်း ဝင်ငွေနည်း အိမ်ထောင်စုတွေကို ငွေကြေးထောက်ပံ့ပေးမယ့် အစီအစဉ်ကြောင့်  အိမ်ထောင်စုပေါင်း ၄ ဒသမ ၁ သန်း အကျိုးခံစားရမှာ ဖြစ်ပြီး အစိုးရက ရင်းဂစ်ငွေ ၁ ဒသမ ၂ ဘီလီယံ ကုန်ကျမယ်လို့ မလေးရှား ဘဏ္ဍာရေးဝန်ကြီး လင်မ်ဂမ်အန့်က ပြောပါတယ်။

ထောက်ပံပေးမယ့်ငွေကို ဘဏ်အကောင့်ထဲ တိုက်ရိုက် လွှဲပေးသွားမှာ ဖြစ်ပါတယ်။ ငွေကြေး ကူညီပေးမယ့် အစီစဉ်သစ်အရ တစ်လကို မလေးရှား ရင်းဂစ် ၂၀ဝ၀ နဲ့ ၂၀ဝ၀ အောက် ရရှိတဲ့ မိသားစုတွေဟာ မလေးရှား ရင်းဂစ် ၁၀ဝ၀၊  ရင်းဂစ် ၂၀ဝ၁ နဲ့ ၃၀ဝ၀ ကြား ရရှိတဲ့ အိမ်ထောင်စုတွေဟာ ကူညီထောက်ပံ့ငွေ ရင်းဂစ် ၇၅၀၊ တစ်လကို ရင်းဂစ် ၃၀ဝ၁ နဲ့ ၄၀ဝ၀ ကြား ဝင်ငွေရှိတဲ့ မိသားစုတွေက ရင်းဂစ် ၅၀ဝ ထောက်ပံ့ကြေးရရှိမှာ ဖြစ်ပါတယ်။