0
456
<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အာဖန်ဂန်နစ္စတန် သမ္မတ ရွေးကောက်ပွဲ ဆိုင်းငံ့
အာဖန်ဂန်နစ္စတန် နိုင်ငံဟာ လာမယ့်နှစ် ၂၀၁၉ မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ သမ္မတ ရွေးကောက်ပွဲကို  ရွှေ့ဆိုင်းလိုက်ပါတယ်။
အာဖန်ဂန်နစ္စတန် အစိုးရဟာ ရွေးကောက်ပွဲကို ဧပြီလမှာ ကျင်းပဖို့ အစောပိုင်းက စီစဉ်ခဲ့ပေမယ့် ဇူလိုင်လလယ်မှာ ကျင်းပဖို့ ပြောင်းလဲစီစဉ်ခဲ့ပါတယ်။ အာဖန်ဂန်နစ္စတန်ကနေ အမေရိကန်တပ်ဖွဲ့တွေ ပြန်ရုပ်သိမ်းမယ်လို့ ကြေညာပြီး ရက်ပိ်ုင်းအကြာမှာပဲ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့ ဆုုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
အာဖန်ဂန်နစ္စတန် နိုင်ငံမှာ မကြာခဏ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပြီး အောက်တိုဘာလက ကျင်းပတဲ့ ဒေသဆိုင်ရာ  ရွေးကောက်ပွဲတွေ ကျင်းပချိန်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။