
0
485




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

သေဆုံးသွားခဲ့ရင် ပိုင်ဆိုင်မှုတွေကို ချောင်ယွန်ဖတ် လှူဒါန်းမယ်

ဟောင်ကောင် နေအောင်လို့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ကမ္ဘာကျော် သရုပ်ဆောင် မင်းသား ချောင်ယွန်ဖတ်က  သူသေဆုံးသွားခဲ့ရင် သူပိုင်ဆိုင်တဲ့ ချမ်းသာကြွယ်ဝမှုတွေကို လှူဒါန်းသွားမယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အသက် ၆၃ နှစ် အရွယ်ရှိ  မင်းသား ချောင်ယွန်ဖတ်ဟာ ဖော့ဘ်စ် မဂ္ဂဇင်းရဲ့    ၂၀၁၅ ခုနှစ်က ထုတ်ပြန်တဲ့ ကမာ့္ဘအချမ်းသာဆုံး သရုပ်ဆောင်တွေထဲမှာ ပါဝင်ခဲ့သူဖြစ်ပြီး သူရဲ့ လှူဒါန်းမှုတွေကို ဇနီးဖြစ်သူ ဂျက်စမင် တန် ကလည်း သဘောတူညီထားပါတယ်။

သေဆုံးသွားချိန်မှာ ဘဏ်အကောင့်ထဲက ငွေတွေကို ယူသွားနိုင်တာ မဟုတ်ကြောင်း၊ ကြွယ်ဝချမ်းသာမှုတွေကို သေဆုံးချိန်မှာ လှူဒါန်းသွားမှာဖြစ်ကြောင်း ချောင်ယွန်ဖတ်က ပြောပါတယ်။