
0
485
Supporters of the ruling party Bangladesh Awami League join in a campaign ahead of the 11th general election in Dhaka, Bangladesh December 21, 2018. REUTERS/Mohammad Ponir Hossain






 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ နီးလာချိန် ပြိုင်ဘက် ပါတီတွေကြား တင်းမာမှုမြင့်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လွှတ်တော် ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာနေချိန်မှာ အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေ အဖမ်းခံနေရတာကြောင့် ဘင်္ဂလားဒေ့ရှ်မှာ တင်းမာမှုတွေ မြင့်တက်လာနေပါတယ်။

ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် လက်ရှိ ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာရဲ့ အာဝါမီ လိဂ် ပါတီနဲ့ ထောင်ကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာရဲ့ ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ် ပါတီက ဦးဆောင်တဲ့ အတိုက်အခံ ညွန့်ပေါင်းတွေ ယှဉ်ပြိုင်နေကြပါတယ်။

ဟာစီနာရဲ့ အစိုးရက အတိုက်အခံ အင်အားစုတွေအပေါ် ဖိအားတွေ တိုးမြှင့်လာပြီး အခုလထဲမှာတင် အတိုက်အခံ ကိုယ်စားလှယ်လောင်း ၂၀ အပါအဝင် လူ ၁၉၀ဝ ကို ရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ အတိုက်အခံအင်အားစုက ပြောပါတယ်။