ဖိလစ္ပိုင္ လႊတ္ေတာ္ အမတ္တစ္ဦး လူျမင္ကြင္းမွာ ပစ္သတ္ခံရ

0
512

ဖိလစ္ပိုင္ လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၂ ရက္ေန႔က ခရစၥမတ္ပြဲ အခမ္းအနား ျပဳလုပ္ခ်ိန္အတြင္း ေသနတ္နဲ႔ ပစ္သတ္ခံလုိက္ရပါတယ္။

ေသနတ္သမားဟာ လူအုပ္အတြင္းမွာ ပုန္းကာ လႊတ္ေတာ္ကိုယ္စားလွယ္ မစၥတာ ႐ိုဒယ္ ဘာတိုကာဘီနဲ႔ ကုိယ္ရံေတာ္ေတြကို ပစ္ခတ္ခဲ့တာျဖစ္ေၾကာင္း ဖိလစ္ပိုင္ရဲေတြက ေျပာပါတယ္။ လႊတ္ေတာ္ ကုိယ္စားလွယ္ ဘာတိုကာဘီ မိန္႔ခြန္းေျပာေနခ်ိန္အတြင္း ပစ္သတ္ခံရတာျဖစ္ေၾကာင္း ဒါရာဂါၿမိဳ႕ ရဲတပ္ဖြဲ႔ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

 

အဲဒီ ပစ္ခတ္လုပ္ႀကံမႈဟာ ႏုိင္ငံေရးဆက္ႏြယ္မႈ ရွိ၊ မရွိ စံုစမ္းစစ္ေဆးေနေၾကာင္း ရဲေတြက ေျပာပါတယ္။ လႊတ္ေတာ္ ဥကၠ႒ ဂလိုရီယာ အာ႐ိုယိုက ပစ္ခတ္လုပ္ႀကံမႈကို ျပစ္တင္႐ႈတ္ခ်လိုက္ၿပီး အျမန္ဆံုး စံုစမ္း ေဖာ္ထုတ္ေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ဖိလစ်ပိုင် လွှတ်တော် အမတ်တစ်ဦး လူမြင်ကွင်းမှာ ပစ်သတ်ခံရ

ဖိလစ်ပိုင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က ခရစ္စမတ်ပွဲ အခမ်းအနား ပြုလုပ်ချိန်အတွင်း သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။

သေနတ်သမားဟာ လူအုပ်အတွင်းမှာ ပုန်းကာ လွှတ်တော်ကိုယ်စားလှယ် မစ္စတာ ရိုဒယ် ဘာတိုကာဘီနဲ့ ကိုယ်ရံတော်တွေကို ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဖိလစ်ပိုင်ရဲတွေက ပြောပါတယ်။ လွှတ်တော် ကိုယ်စားလှယ် ဘာတိုကာဘီ မိန့်ခွန်းပြောနေချိန်အတွင်း ပစ်သတ်ခံရတာဖြစ်ကြောင်း ဒါရာဂါမြို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီ ပစ်ခတ်လုပ်ကြံမှုဟာ နိုင်ငံရေးဆက်နွယ်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေကြောင်း ရဲတွေက ပြောပါတယ်။ လွှတ်တော် ဥက္ကဋ္ဌ ဂလိုရီယာ အာရိုယိုက ပစ်ခတ်လုပ်ကြံမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး အမြန်ဆုံး စုံစမ်း ဖော်ထုတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။